October 24, 2020

မကောင်းတဲ့ယောက်ျားနဲ့ အိမ်ထောင်ကျမှာကို အကြောက်ဆုံးပါလို့ဆိုတဲ့ ရွှေအိမ်စည်

လူလွတ်ဘ၀မှာ ရည်းစားတွေဘယ်လောက်များနေပါစေ၊ နာမည်ပျက်နေပါစေမကြောက်ပေမဲ့ မကောင်းတဲ့ယောက်ျား၊ ဖောက်ပြန်တဲ့ယောက်ျားနဲ့အိမ်ထောင်ကျပြီးစိတ်ဆင်းရဲနေရမှာကိုတော့ အကြောက်ဆုံးပါလို့ရွှေအိမ်စည်ကပြောပါတယ်။
ရွှေအိမ်စည်ဟာ သူမရဲ့အကြောက်ဆုံးသောဘ၀ကို အကုန်သိသတင်းဌာနထံ အခုလိုပြောပြခဲ့တာဖြစ်ပါတယ်။

“ အိမ်စည့်အနေနဲ့အကြောက်ဆုံးတစ်ခုပြောပါဆိုရင် ဘဲတွေအများကြီးထားတာလည်းမကန့်ကွက်ဘူး။ အိမ်စည့်ကိုယ်အိမ်စည် သတ်မှတ်ချက်တစ်ခုအနေနဲ့ထားထားတာပေါ့နော်။ အများကြီး ဘယ်သူ့ကိုပဲထားထား အမှားတွေလုပ်မလား၊ နာမည်ပျက်မလား၊ အရှက်ကွဲမလား၊ ထားလိုက်ပါဦး၊ အဲဒါတွေဖြစ်တာမကြောက်ဘူး ၊ အဓိကက လူမှားပြီးအိမ်ထောင်ကျပြီးတော့ကလေးလည်းရ၊ ယောကျာ်းကလည်းမကောင်းဘူး ၊ အိမ်စည့်ရဲ့ အိမ်မက်ဆိုးတစ်ခုပြောပြပါဆိုရင် မကောင်းတဲ့ယောက်ျားတစ်ယောက်နဲ့တွေ့ပြီး ညားသွားပြီးတော့ သူ့ကလေးကိုပိုက်ပြီးအိမ်မှာနေနေတဲ့အချိန် သူကဖောက်ပြန်နေတာကိုသိပြီး အဲဒီလိုစိတ်ဆင်းရဲနေရမယ့်ဘ၀ကို မလိုလားဘူး” လို့ ရွှေအိမ်စည်ကပြောပါတယ်။

ကိုယ့်ကိုတကယ်ချစ်တဲ့သူကိုတွေ့တဲ့အချိန်မှာ အသက်အနေနဲ့ဘယ်လောက်ပဲရှိနေပါစေ။ လက်ထပ်မှာဖြစ်ပြီး တကယ်လို့အဲဒီလိုလူမတွေ့ခဲ့ရင်တော့ သေတာတောင်မယူတော့ဘူးလို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။ရွှေအိမ်စည်ဟာ လက်ရှိမှာအနုပညာအလုပ်တွေအဆက်မပြတ်လုပ်ဆောင်နေပြီး သူမရဲ့ဘ၀ကို သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေတယ်လို့ သိရပါတယ်။

Credit : အကုန်သိ သတင်းဌာန မှ ကူးယူဖော်ပြသည်။

Facebook Comments