November 25, 2020

စီနီယာကြီး စိုင်းစိုင်းခမ်းလှိုင်နဲ့အတူတူ ပွဲတက်ခဲ့တဲ့ နော်ဖောအယ်ထား

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို အမြဲတမ်း ပန်ဆင်ထားပြီး ပရိသတ်တွေချစ်ရတဲ့ နော်ဖောအယ်ထားက အနုပညာလောကမှာ အောင်မြင်စပြုနေသူလေး တစ်ယောက်ဖြစ်ပါတယ်။ အရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းပြီး လှပတဲ့ သူမကို မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေကပါ အားပေးချစ်ခင်ကြတာ ဖြစ်ပါတယ်။

နော်ဖောအယ်ထားကလည်း ပရိသတ်တွေ အားပေးရကျိုးနပ်အောင် အနုပညာလုပ်ငန်းတွေကို ကြိုစားလုပ်ကိုင်နေတာ ဖြစ်ပါတယ်။နော်ဖောအယ်ထားက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာတော့ ရန်ကုန်မြို့ Juction City မှာ ကျင်းပပြုလုပ်တဲ့ Chatime ဆိုင်ဖွင့်ပွဲအခမ်းအနားလေးကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

နော်ဖောအယ်ထားနဲ့အတူတူ တစ်နိုင်ငံလုံးက ပရိသတ်တွေ သည်းသည်းလှုပ်အားပေးချစ်ခင်ရတဲ့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကလည်း ထိုပွဲလေးကို တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။နော်ဖောအယ်ထားက စိုင်းစိုင်းခမ်းလှိုင်ရဲ့ SAI Cosmetic ရဲ့ ကြော်ငြာတွေမှာ သရုပ်ဆောင်ပေးရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။

နော်ဖောအယ်ထားကတော့ အစ်ကိုလို စီနီယာလို ချစ်ခင်ရတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူတူ ပွဲတက်ခဲ့ရတာ ဝမ်းသာနေမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ရှိပါတယ်။

Credit : momolay.com မှ ကူးယူဖော်ပြသည်။

Facebook Comments