November 24, 2020

လတ်တလောလိုအပ်ချက်များနေတဲ့ Mask တွေလှူဖို့ ဘယ်နေရာမှာဝယ်လို့ရမလဲ မေးလာတဲ့ မအေးသောင်း

မအေးသောင်းကတော့ ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ အေးချမ်းတဲ့အပြုံးပိုင်ရှင်လေးတစ်ယောက်ဖြစ်တာမို့ ပုရိသတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေသူတစ်ယောက်ပါ။ နှစ်အတော်ကြာ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာပျောက်နေခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အောင်မြင်မှုလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာသာမက ကမ္ဘာအရပ်ရပ်မှာပါ ကြောက်လန့်နေရတဲ့ ဝူဟန်ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါကူးစက်မခံရအောင် Mask တပ်လာကြတာဖြစ်ပြီး ဝယ်လိုအားများလာတဲ့အတွက် ဈေးကွက်ထဲမှာ Mask ဝယ်ဈေးနှုန်းတက်နေတဲ့အပြင် အချို့နေရာတွေမှာ ဝယ်လို့မရတော့တဲ့အထိ အခက်အခဲတွေဖြစ်နေတာပါ။မအေးသောင်းကတော့ လတ်တလော နေရာတိုင်းမှာ လိုအပ်နေတဲ့ Maskလှူဒါန်းဖို့ကြိုးစားနေတာဖြစ်ပြီး ဝယ်လို့မရတဲ့အတွက် သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ အကူညီတောင်းခံခဲ့တာပါ။

“ဆေးရုံတွေနဲ့ နေရာတိုင်းမှာ Mask တွေလိုလို့ လှူချင်ပေမယ့် ဘယ်နေရာမှာဝယ်ရမလဲ မသိလို့ဆက်သွယ်ရမယ့်သူများ နေရာများရှိခဲ့ရင် ကူညီပေးကြပါရှင့်”ဆိုပြီးရေးသားခဲ့တာပါ။္ဘပရိသတ်ကြီးရေ.. လတ်တလော နေရာတိုင်းမှာ လိုအပ်ချက်များနေတဲ့ Mask တွေလှူဒါန်းဖို့မအေးသောင်းကကြိုးစားနေတာမို့ ဘယ်နေရာတွေမှာဝယ်လို့ရနိုင်မလဲ မှတ်ချက်လေးရေးပေးခဲ့ပါဦးနော်။

Credit :Cele Family မှ ကူးယူဖော်ပြသည်။

Facebook Comments