November 24, 2020

သမီးတွေက မြန်မာကားမကြည့်ဘူးဆိုတဲ့ ပရိသတ်တစ်ယောက်ရဲ့ ဝေဖန်မှုကို တုံ့ပြန်လိုက်တဲ့ နန္ဒာလှိုင်

အကယ်ဒမီ နန္ဒာလှိုင်က ဝေဖန်တိုက်ခိုက်လာတဲ့သူကို တုံ့ပြန်စကားဆိုလိုက်ပါတယ်။မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ နန္ဒာလှိုင်က သူမရဲ့ သမီးလေးတွေ သူမ(မနန္ဒာ)ဇာတ်ကားလေးတွေကြည့်ဖြစ်လားလို့ မေးမြန်းထားတာကို ဖြေကြားခဲ့ရတာပါ။ အဆိုပါအင်တာဗျူးဖြေကြားချက်ကို Screenshot ပြုလုပ်ပြီး ပရိသတ်တစ်ယောက်က မင်းသမီးတစ်ယောက်ရဲ့ သမီးတွေက မြန်မာကားမကြည့်ဘူးဆိုတဲ့ ဝေဖန်မှုမျိုး ပြုလုပ်ခဲ့တာကြောင့် နန္ဒာလှိုင်က ထိုဝေဖန်ချက်ကို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

သူမအနေနဲ့ နိုင်ငံခြားကားတွေပဲ ကြည့်တယ်လို့ ဖြေခဲ့တာမဟုတ်ဘဲ ကလေးတွေက ကာတွန်းကားပဲကြည့်တယ်လို့ ဖြေခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသက်အရွယ်ငယ်သေးတဲ့ ကလေးတွေအနေနဲ့ မြန်မာကားမကြည့်တာ ဘာဖြစ်လို့လဲလို့ ပြန်လည်မေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။

“၁၀ နှစ် ၈ နှစ် ၅ နှစ် သမီးလေးတွေမြန်မာကားမကြည့်တာဘာဖြစ်လို့အဲလောက်နာနေရတာလဲဟင် နားမလည်ဘူး နိုင်ငံခြားကားတွေဘဲကြည့်တယ်လို့လဲမပြောမိပါဘူးနော် ကြည့်လဲမကြည့်ပါဘူး ကာတွန်းကားကြည့်တယ်လို့တော့ပြောလိုက်ပါတယ် ဘာလို့အဲလောက်ရန်လိုနေတာလဲဟင် ပျင်းလို့ဖွသည်” ဟု တုံ့ပြန်ရေးသားခဲ့တာပါ။

ကလေးတွေဟာ များသောအားဖြင့် ကာတွန်းကားလေးတွေပဲ ကြည့်တတ်ကြတာ ပရိသတ်ကြီးသိကြမှာပါနော်။ မိခင်တစ်ယောက်ဖြစ်တဲ့ နန္ဒာလှိုင်က သူမကလေးတွေဟာ အသက်အရွယ်အရ အလွန်ငယ်သေးတဲ့အတွက်ကြောင့် ကာတွန်းကားတွေပဲ ကြည့်တတ်ကြတယ်လို့ ဖြေရှင်းရေးသားထားတာပါနော်။

Credit :We Love Cele မှ ကူးယူဖော်ပြသည်။

Facebook Comments