November 25, 2020

တစ်နေ့တစ်ခြား ဖေဖေနဲ့ပိုတူလာတဲ့ ဂျူနီယာမြင့်မြတ်လေး

ရုပ်ရှင်သရုပ်ဆောင် မင်းသားချောမြင့်မြတ်ကတော့ ဇာတ်ကောင်စရိုက်မရွေး ပီပြင်အသက်ဝင်အောင် ဖန်တီးနိုင်စွမ်းရှိတာကြောင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အမိုက်စားတက်တူးတွေနဲ့ ယောက်ျားပီသနေတဲ့ မြင့်မြတ်က စိတ်သဘောထား နူးညံ့ဖြူစင်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြင့်မြတ်က သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေအပေါ်မှာလည်း လေးလေးစားစားနဲ့ ဆက်ဆံတတ်တာ ဖြစ်ပါတယ်။

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့ မြင့်မြတ်က ချောမောလှပတဲ့ချစ်ဇနီးလေးနဲ့အတူ ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သားလေးဖြစ်တဲ့ မြတ်သူလေးကလည်း ဖေဖေမြင့်မြတ်နဲ့ရုပ်ချင်းဆင်တာကြောင့် ပရိသတ်တွေက ဂျူနီယာမြင့်မြတ်လေးလို့ ချစ်စနိုးခေါ်ကြတာ ဖြစ်ပါတယ်။ အခုလည်း ဂျူနီယာမြင့်မြတ်လေးက ချောင်းသာကမ်းခြေမှာ စတိုင်အပြည့်နဲ့ ရှိုးထုတ်နေတဲ့ပုံလေးတွေကို ပရိသတ်တွေမြင်တွေ့ရမှာ ဖြစ်ပါတယ်။

ချောင်းသာကမ်းခြေကို ဖေဖေ၊မေမေတို့နဲ့အတူရောက်ရှိနေတဲ့ ဂျူနီယာမြင့်မြတ်ရဲ့ပုံလေးတွေကို မြင့်မြတ်ရဲ့ချစ်တပည့်မြတ်ဝေထွန်းက တင်ပေးထားတာ ဖြစ်ပါတယ်။ အခုအရွယ်ကတည်းက ဖေဖေ့လိုစတိုင်ကျနေပြီဖြစ်တဲ့ မြတ်သူလေးကတော့ တစ်နေ့တစ်ခြားဆိုသလို မြင့်မြတ်နဲ့ရုပ်ချင်းဆင်လာတာ ဖြစ်ပါတယ်။ကဲ ချစ်ပရိသတ်တွေအတွက် ဂျူနီယာမြင့်မြတ်လေးရဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Credit :Cele Family မှ ကူးယူဖော်ပြသည်။

Facebook Comments