November 25, 2020

သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပြန်ကြည့်မိရင်း မျက်ရည်ကျရတယ်ဆိုတဲ့ ငှက်ပျောကြော်

ပရိတ်သတ်တွေကိုရယ်မောပျော်ရွှင်စေနိုင်တဲ့ ဟာသသရုပ်ဆောင်များဖြစ်ကြတဲ့ ဦးငှက်‌ပျော်ကြော်နဲ့ဦးကင်းကောင်ကို ပရိတ်သတ်ကြီးသိကြမယ်ထင်ပါတယ်နော်။ သူတို့နှစ်ဦးဟာ ခိုင်မာတဲ့သူငယ်ချင်းဆက်ဆံရေးရှိကြတာဖြစ်ပြီး ဦးကင်းကောင်တစ်ယောက်ဆုံးပါးသွားခဲ့တာတော့ တစ်နှစ်ခန့်မျှရှိနေပြီပဲဖြစ်ပါတယ်။ ဦးကင်းကောင်ဆုံးပါးသွားပေမယ့်လည်း ချစ်တဲ့ပရိတ်သတ်ကြီးနဲ့ မိတ်ဆွေအပေါင်းအသင်းများကတော့ သတိရလွမ်းဆွတ်နေတုန်းပဲဖြစ်ပါတယ်။

မကြာသေးမီက ငှက်ပျောကြော်ဟာသူ့ရဲ့facebookစာမျက်နှာတွင် “ညကမင်းနှင့်ငါပါခဲ့တဲ့ကားလေးကြည့်မိတော့မျက်ရည်ကျရပါတယ်သူငယ်ချင်း ဒါရိုက်တာမမှတ်မိတော့ပါ” ဆိုတဲ့စာသားလေးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်းလေးတွေကိုတင်ပေးခဲ့ပါတယ်။ဒီဇာတ်ကားကြီးမှာ မြင့်မြတ် သက်မွန်မြင့်တို့လည်းပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပြီး အနုပညာ‌မောင်နှမတွေစုံလင်စွာနဲ့ ရိုက်ကူးထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။

ငှက်ပျောကြော်ဟာလတ်တလောတွင် ဇာတ်ကားများအဆက်မပြတ်ရိုက်ကူးရင်း ပွဲအခမ်းအနားတွေလည်းတက်ရောက်နေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ဦးငှက်ပျောကျော်ကိုချစ်ခင်ကြတယ်မလား။ အမှတ်ရလွမ်းဆွတ်ဖွယ်ကောင်းတဲ့ ဦးကင်းနဲ့ဦးငှက်ပျောကြော်တို့ရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Credit :Cele Family မှ ကူးယူဖော်ပြသည်။

Facebook Comments