October 24, 2020

ချစ်သူဖြိုးလေးရဲ့ Surprise ကြောင့် အံ့သြမှင်သက်ဖြစ်သွားရလောက်ထိ ဝမ်းသာခဲ့ရတဲ့ ဝါဆိုမိုးဦး

ဝါဆိုမိုးဦးကတော့ နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်ပြီး သီချင်းဆိုလဲ ကျွမ်းကျင်သလို သရုပ်ဆောင်ပိုင်းမှာလဲ အတော်လေးကိုပိုင်နိုင်မှုရှိပါတယ်။ သူမကတော့ မိန်းကလေးတိုင်းအားကျရတဲ့ ခန္ဓာကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပြီး ပရိသတ်တွေအားပေးချစ်ခင်မှုကို အခိုင်အမာရရှိနေသူလေးပဲ ဖြစ်ပါတယ်။

ဝါဆိုမိုးဦးကတော့ ချစ်သူဖြိုးလေးနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားနိုင်ပြီး ရိုဆန်မှုတွေ ကြည်နူးစရာလေးတွေနဲ့ ရှေ့ဆက်နေတဲ့ ပရိသတ်တွေရဲ့ အားကျခြင်းကိုခံနေရတဲ့ ပြည်သူချစ်အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။ဝါဆိုတို့စုံတွဲလေးကတော့ တစ်ယောက်ကို တစ်ယောက် နားလည်မှုရှိရှိနဲ့ ရှေ့ဆက်နေတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။

သူတို့ချစ်သူနှစ်ဦးကိုတော့ ပရိသတ်တွေပါမကပဲ အနုပညာရှင်အချင်းချင်းတွေကပါ အားကျနေရတဲ့ ချစ်စရာစုံတွဲလေးဆိုလည်း မမှားပါဘူးနော်။လတ်တလောမှာတော့ ဒီနေ့မှာကျရောက်တဲ့ Valentine’s Day မှာ ဖြိုးလေးရဲ့ Suprise ကြောင့် ဝမ်းသာပီတိဖြစ်နေတဲ့ အမှတ်တရ ပုံလေးတွေနဲ့အတူ “သူ valentine’s day မှာ shooting ရိုက်လို့စိတ်ဆိုးပြီး

သူ့Shooting ကို နေ့လည်မှ လိုက်သွားတာဟိုလဲရောက်ရော ကိုယ့်ကို ထင်းရှုးပင်လေးတွေကြားမှာ superise တိုက်လိုက်ရော ဟီးဟီး Thank u ကို မအားတဲ့ကြားက suprise လုပ်ပေးလို့ Happy Valentine’s Day ပါ “ဆိုတဲ့ ချစ်စကားလေးကိုသူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Credit :Cele Family မှ ကူးယူဖော်ပြသည်။

Facebook Comments