November 25, 2020

ဘဝကိုအေးချမ်းပျော်ရွင်စွာ ဖြတ်သန်းနေတဲ့ လင်းဇာနည်ဇော်

နိုင်ငံကျော် သရုပ်ဆောင် လင်းဇာနည်ဇော် ဟာဆိုရင်ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပါ။ သူမ ကခုအချိန်ထိနုပျိုလှပနေဆဲဖြစ်ပြီး သူမသရုပ်ဆောင်ရိုက်ကူးထားတဲ့ ဇာတ်ကားများစွာ ရှိတာကြောင့် သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ သူမက ရုပ်ရှင်ဇာတ်ကားများစွာကိုလည်း ရိုက်ကူးထားပါသေးတယ်။ မိုမိုလေးပရိသတ်တွေအတွက် လင်းဇာနည်ဇော် နဲ့ သမီးလေး မြူလင်းကိုကို တို့ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေး လိုက်ပါတယ်နော်။

သမီးလေး မြူလင်းကိုကိုက နိုင်ငံခြားမှာ ကျောင်းသွားတတ်နေတာဖြစ်ပြီးသူမ က အနုပညာအလုပ်နဲ့ စီးပွားရေး လုပ်ရတာကို စိတ်ဝင်စားသူလေးပါတဲ့ ။မိခင် လင်းဇာနည်ဇော် ကို ချစ်တဲ့ ပရိသတ်တွေကလည်း သမီးလေး မြူလင်းကိုကို ချစ်နေကြတာပါ။မြူလင်းကိုကို က လက်ရှိမှာ သူမတက်ရောက်နေတဲ့ ကျောင်းကို နားပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ နေတာပါ။ သူမက မိခင်တို့နဲ့ အတူ စီးပွားရေး အတူလုပ်ရန်နဲ့ အနုပညာအလုပ်တွေ လုပ်ချင်တာကြောင့် မြန်မာပြည်ကို ပြန်လာတာ လို့ သိရပါတယ်။

မိသားစု စီးပွားရေးကို လာရောက်ဝိုင်းကူတဲ့ သမီးလေး မြူလင်းကိုကို နဲ့ အတူ လင်းဇာနည်ဇော် က ချစ်သူများနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြီးပြည့်စုံပြီး သူမဘဝ အေးချမ်းသာယာနေကြောင်း ပုံရိပ်လေးတွေ ဖော်ပြလိုက်တာပါ။သရုပ်ဆောင် လင်းဇာနည်ဇော် နဲ့ သမီးလေး မြူလင်းကိုကို တို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ပရိသတ် ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit : momolay.com မှ ကူးယူဖော်ပြသည်။

Facebook Comments