November 24, 2020

“မြိုင်ကြီးငူ စစ်ရှောင်စခန်းက ချစ်သူ နှစ်ဦးရဲ့ ကြေကွဲစရာ အဖြစ်အပျက်”

မြိုင်ကြီးငူ စစ်ရှောင်စခန်းကနော်ဝါး(18-နှစ်) ဆိုတဲ့ကောင်မလေးတယောက် မနေ့က စတုဒီသာအတွက် တို့စရာသွားယူရင်းဆိုင်ကယ်ပေါ်ကပြုတ်ကျတာဦးခေါင်းအနောက်စေ့ကွဲပီးသတိလစ်သွားလို့ မြိုင်ကြီးငူတိုက်နယ်ဆေးရုံကနေဘားအံပြည်သူ့ဆေးရုံကြီးကိုလွဲပြောင်းရတယ်

အဲ့ဒါ ရဲစ်တို့ဆေးရုံကAmbulance ကားကလဲပျက်စီးနေတော့ အနော်ကားနဲ့ဘားအံဆေးရုံကိုသယ်လာခဲ့တယ်။

အခုနော်ဝါးလေး CTဓာတ်မှန်ရိုက်မလို့လုပ်နေတုန်းမှာ တိမ်းပါးသွားခဲ့တယ်(ပြောရင်းနဲ့ငိုသံပါလျက်,အနော်ရင်ထဲဘယ်လောက်တောင်ခံစားနေရတယ်ဆိုတာ ဖုန်းထဲကအသံကိုနားထောင်ရင်းသိပါတယ်အနော်ရယ်)

ဘားအံပြည်သူ့ဆေးရုံကြီးမော်ကျူးရီသို့ရောက်ပီးလိုအပ်တာများပြင်ဆင်ဆောင်ရွက်ကာ သူနေတဲ့ စစ်ရှောင်စခန်းလေးဆီပြန်လည်ပို့ဆောင်ကူညီပေးခဲ့ပီးတိုးတိုးလေးဆုတောင်းပေးလိုက်တယ်

နော်ဝါးလေးတယောက် နောက်ဘဝလူပြန်ဖြစ်ခွင့်ရခဲ့ရင်စစ်မက်နဲ့ဝေးတဲ့နေရာမှာ ပြည့်စုံသောဘဝလေးနှင့်လူသက်တမ်းစေ့နေနိုင်ပါစေလို့ဆုတောင်းရင်း😥😥😥😥😪😪😪

မနော်ဝါး(18-နှစ်) ကောင်းသောဘုံဘဝတွင်ရောက်ရှိခံစားနိုင်ပါစေ။

ဒီနေ့တော့ နောက်ထပ် စိတ်မကောင်းစရာတစ်ခုက ထပ်ဖြစ်လာခဲ့ပါပြီ…

မြိုင်ကြီးငူစစ်ရှောင်စခန်းကစိတ်မကောင်းစရာအဖြစ်အပျက်လေးတခုကနေရင်နင့်စရာအဖြစ်လေးတခုသို့ပြောင်းလဲခံစားရပြန်ပါပြီမနေ့ကနော်ဝါးရဲ့အလောင်းကိုနေအိမ်ပြန်ပို့အပီးဒီမနက်အနော်ဆီကနေ ဖုန်းပြန်ဝင်လာတယ်

‘ဝှေ့နေလင်းအောင်ရေတပူကနေ နှစ်ပူဆင့်ဆိုသလို မနေ့ကငါတို့ ဆေးရုံမှာအလုပ်ရူတ်နေတုန်းကောင်မလေးရဲ့ဖုန်းကိုသူရည်စား ကောင်လေးကလှမ်းဆက်တာတဲ့ အဲ့ဒီအချိန်မှာဖုန်းကအိမ်မှာကျန်ခဲ့တော့ သူမိသားစုထဲကတယောက်ကဖုန်းကိုင်ပီး နော်ဝါးလေးဘားအံဆေးရုံကြီးလွဲလိုက်ရတယ်ဘို့ပြောတာ့ချက်ချင်းလိုက်သွားတယ်။

အဒဲါ့တို့ကပြန်တက်လာပီးလေကွယ် သူလဲဆေးရုံမှာလိုက်ရှာပီး မတွေ့တာနဲ့ မြိုင်ကြီးငူကသူ့ချစ်သူကောင်မလေးနေအိမ်ကိုည(10)နာရီလောက်ကြီရေားက်လာပီးကောင်မလေးကိုနမ်းလိုက်/ဖက်လိုက်/ငိုလိုက်/စကားတွေပြောလိုက်နဲ့အနားကလူတွေဝိုင်းဖျောင်းဖြာ့တော့မှနံနက်(2:00)လောက်ကအိမ်ပေါ်ကနေဆင်းသွားတယ်

အားလုံးလဲအမူမဲ့အမှတ်မဲ့ပေါ့ဟယ် ဒါနဲ့မိုးလင်းတော့ ကောင်မလေးရဲ့အိမ်အနီးက မြစ်ကမ်းနံဘေးကသစ်ပင်လေးမှာကြိုးဆွဲချပီး မိမိကိုယ်ကိုယ်လုပ်ကြံသေဆုံးသွားတယ်ကွယ်

ငါလဲဘာပြောရမှန်းမသိတော့ဘူး

‘အချစ်အတွက်နဲ့ အဲ့လောက်တောင်ပေးဆပ်ပီး ချစ်ပြခဲ့ရလား စောကျော်စီရယ်’လို့သာပြောချင်တော့တယ်ကွယ်’

အချစ်တခုကို ယခုခေါတ်ကာလကြီးမှာအသက်နဲ့ထပ်တူချစ်ပြသွားတဲ့ စောကျော်စီ နောက်ဘဝများစွာ၌ ချစ်သောသူနှစ်ဦးသက်တမ်းအဆုံးတိုင် ပေါင်းဖတ်ချစ်ခင်နိုင်ကြပါစေ……

Nay Lin Aung

Facebook Comments