October 20, 2020

နှီးဘုရားကြီး ပင့်လာချိန်မှာ လမ်းဘေးချပေမယ့် မြင်အပ်မမြင်အပ်တာတွေ တွန်းတင်ပေးခဲ့တဲ့အဖြစ်အပျက်တစ်ခု

နှီးဘုရားကြီးကို ပင့်ဆောင်ပူဇော်မှု လုပ်လာစဉ်မှာပဲ လမ်းမှာ တွဲကားနဲ့ မလွတ်လို့ လမ်းဘေးကို ဆွဲချပေမယ့် ရှေ့ဘီးတစ်ခုပဲ ချိုင့်ထဲကျပြီးတော့ တစ်စုံတစ်ယောက်က ပြန်လည်တွန်းတင်လိုက်သလို ခံစားတွေ့ကြုံလိုက်ရတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းကိုတော့ Sai Kyaw zTai ဆိုတဲ့ လူမှုကွန်ယက်ပိုင်ရှင်က မျှဝေထားတာဖြစ်ပြီးတော့ ထူးဆန်းတဲ့ လက်ပုံစံကြီးတွေလည်း ကားမှာ ထင်ကျန်ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အခုလိုပဲ မျှဝေထားပါတယ်။

” နှီးဘုရား ပင့်ဆောင်လာစဉ် လမ်းခုလပ်တွင် တွဲကားနှင့်ညိသဖြင့် လမ်းဘေးသို့ ဆွဲချသော်လဲ ရှေ့ဘီးတစ်လုံးသာ ချိုင့်ထဲကျပြီး လမ်းပေါ် သို့ အံဩစွာ ပြန်ရောက်လာခဲ့သည်။ ကားကို စစ် ကြည့်တော့ ဒီလို လက်ယာတွေနဲ့ တွန်းတင်ပေးခြင်း ခံရသလို လို ”

ဒါကြောင့် ချစ်ရတဲ့ မိတ်ဆွေတွေကိုလည်း တန်ခိုးကြီးနှီးဘုရားကြီးကို ဖူးမျှော်နိုင်ကြစေဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။(၇) ရက်သားသမီးများ ဖူးထိုက်သူများ ဖူးမျှော်နိုင်ကြပါစေ။

Credit :burmese.asia မှ ကူးယူဖော်ပြသည်။

Facebook Comments