November 24, 2020

ကလေးအမည်နှင့် မိသားစု အချက်အလက်များ ထုတ်ဖော်ခဲ့သူများကို တရားစွဲဆိုသည့် လုပ်ငန်းစဉ် မတ် လ ဒုတိယပတ်အတွင်း စတင်မည်

နေပြည်တော်မှ ဗစ်တိုရီးယားအမှုတွင် ဗစ်တိုးရီးယား၏ အမည်နှင့် မိသားစု အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ သူတို့ အား တရားစွဲဆိုသည့် လုပ်ငန်းစဉ်ကို မတ်လ ဒုတိယပတ်အတွင်း စတင်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်း ဦးက ပြောသည်။
မတ်လ ၁၀ ရက်က သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ အမှန်က မတ်လ (၅) ရက်နဲ့ (၇)ရက်မှာ တရားစွဲဆိုတဲ့ လုပ်ငန်းစဉ် စမလို့ပဲ။ ဒါပေမဲ့ သမီးလေးကို ကူညီတဲ့ ကော်မတီမှာ ပါတဲ့ လွတ်လပ်သော ရှေ့နေအသင်း အဲဒါ အမှုဆောင်ရွေးချယ်ပွဲ ပြန်လုပ်တယ်။ ပြန်လုပ်တော့ ဒါရွှေ့လိုက်ရတဲ့ သဘောဖြစ်သွားတာ။ အခုလာမယ့်အပတ် တရားစွဲဆိုတဲ့ လုပ်ငန်းစဉ် ပြန်စမယ်”ဟု ၄င်းကပြောသည်။

နေပြည်တော် Wisdom Hall မူကြိုကျောင်းတွင် (၃)နှစ်အရွယ် သမီးလေး ဗစ်တိုရီးယား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုတွင် မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ ဒရိုင်ဘာအောင်ကြီးဟုဆိုကာ ပုဒ်မ၃၇၆ ဖြင့် နေပြည်တော်ဒက္ခိဏ ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သော် လည်း တရားရုံးမှ သက်သေများကို စစ်ဆေးပြီးနောက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၁၈ရက် တွင် ဒရိုင်ဘာအောင်ကြီးအား ရာဇ၀တ် ကျင့်ထုံးဥပဒေ ၂၅၃/၂ အရ တရားရှင်လွှတ်ပေးခဲ့သည်။

အဆိုပါ တရားရှင် လွှတ်ပေးလိုက်သည့်အပေါ် ရဲတပ်ဖွဲ့မှ နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး သမီးလေး ဗစ်တို ရီးယားအမည်ရင်းနှင့် မိသားစု ကိုယ်ရေးအချက်အလက်တို့ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ရဲဇာနည်ဖေ့စ်ဘုတ်တွင်ပါ ဖော်ပြခဲ့သည့် အတွက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Credit :Cele Family မှ ကူးယူဖော်ပြသည်။

Facebook Comments