October 20, 2020

အင်ဒိုနီးရှားတွင် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာ

အင်ဒိုနီးရှားတွင် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာ

ဂျာကာတာ၊ ဧပြီ ၁

အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ကူးစက်မှု မြင့်တက်လာသဖြင့် နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် သမ္မတ ဂျိုကိုဝီဒိုဒိုက ယမန်နေ့ကကြေညာခဲ့ကြောင်းသိရသည်။

သို့ရာတွင် လူဦးရေသန်း ၃၀ မျှနေထိုင်လျှက်ရှိပြီး၊ ဗိုင်းရပ်စ်ကြောင့်သေဆုံးမှုအများဆုံးဟုသိရသည့် ဂျာကာတာမြိ့အပါအဝင် အင်ဒိုနီးရှားနိုင်ငံ၏ အဓိကမြို့ကြီးများကို lockdown သတ်မှတ်ခြင်းမပြုသောကြောင့် လက်ရှိအင်ဒိုနီးရှားအစိုးရအပေါ် အပြင်းအထန်ဝေဖန်နေမှုများရှိနေသည်။

ထိုသို့နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးသည်တွင် အချင်းချင်းဝေးဝေးနေထိုင်ခြင်း(Social Distance)ဆိုင်ရာ တင်းကြပ်သည့် စည်းမျဉ်းများကိုလည်း ချမှတ်လိုက်ပြီး၊ ဝင်ငွေနည်းပါးသည့်အလုပ်သမားအတွက် လူမှုရေးထောက်ပံ့မှုအတွက် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံနှင့် အခြားသော ကူညီမှုများကိုလည်း ပြုလုုပ်ပေးသွားမည်ဖြစ်ကြောင်း သမ္မတကကြေညာသည်။

COVID-19 ကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ အချင်းချင်းဝေးဝေးနေခြင်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ ရွေးချယ်ရမှာဖြစ်ပါတယ်ဟုလည်း သမ္မတ ကပြောကြားသည်။

ကျွန်တော်တို့ဟာ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကနေ လေ့လာသင်ယူရမှာဖြစ်ပေမယ့် သူတို့လုပ်ကြတဲ့အတိုင်း ထပ်တူထပ်မျှ မိတ္တူကူးပြီးလိုက်လံဆောင်ရွက်ဖို့မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတိုင်းမှာ ထူးခြားတဲ့ ပင်ကိုယ်လက္ခဏာတွေ ကိုယ်စီရှိနေကြလို့ပါပဲဟုလည်းသူက ထပ်လောင်းပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ကူးစက်ခြင်းခံရသူ ၁၅၂၈ ဦးရှိပြီး၊ သေဆုံးသူ ၁၃၆ ဦးရှိကာ ကုသပျောက်ကင်းသူ ၈၁ ဦးရှိကြောင်းသိရသည်။

Source: AFP
Ref: Indonesia declares state of emergency as virus toll jumps
Photo: Reuters

(Zawgyi)

အင်ဒိုနီးရှားတွင် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာ

ဂ်ာကာတာ၊ ဧျပီ ၁

အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ကူးစက်မှု မြင့်တက်လာသဖြင့် နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် သမ္မတ ဂျိုကိုဝီဒိုဒိုက ယမန်နေ့ကကြေညာခဲ့ကြောင်းသိရသည်။

သို့ရာတွင် လူဦးရေသန်း ၃၀ မျှနေထိုင်လျှက်ရှိပြီး၊ ဗိုင်းရပ်စ်ကြောင့်သေဆုံးမှုအများဆုံးဟုသိရသည့် ဂျာကာတာမြိ့အပါအ၀င် အင်ဒိုနီးရှားနိုင်ငံ၏ အဓိကမြို့ကြီးများကို lockdown သတ်မှတ်ခြင်းမပြုသောကြောင့် လက်ရှိအင်ဒိုနီးရှားအစိုးရအပေါ် အပြင်းအထန်ဝေဖန်နေမှုများရှိနေသည်။

ထိုသို့နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးသည်တွင် အချင်းချင်းဝေးဝေးနေထိုင်ခြင်း(Social Distance)ဆိုင်ရာ တင်းကြပ်သည့် စည်းမျဉ်းများကိုလည်း ချမှတ်လိုက်ပြီး၊ ၀င်ငွေနည်းပါးသည့်အလုပ်သမားအတွက် လူမှုရေးထောက်ပံ့မှုအတွက် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံနှင့် အခြားသော ကူညီမှုများကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သမ္မတကကြေညာသည်။

COVID-19 ကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ အချင်းချင်းဝေးဝေးနေခြင်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ ရွေးချယ်ရမှာဖြစ်ပါတယ်ဟုလည်း သမ္မတ ကပြောကြားသည်။

ကျွန်တော်တို့ဟာ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကနေ လေ့လာသင်ယူရမှာဖြစ်ပေမယ့် သူတို့လုပ်ကြတဲ့အတိုင်း ထပ်တူထပ်မျှ မိတ္တူကူးပြီးလိုက်လံဆောင်ရွက်ဖို့မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတိုင်းမှာ ထူးခြားတဲ့ ပင်ကိုယ်လက္ခဏာတွေ ကိုယ်စီရှိနေကြလို့ပါပဲဟုလည်းသူက ထပ်လောင်းပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ကူးစက်ခြင်းခံရသူ ၁၅၂၈ ဦးရှိပြီး၊ သေဆုံးသူ ၁၃၆ ဦးရွိကာ ကုသပျောက်ကင်းသူ ၈၁ ဦးရှိကြောင်းသိရသည်။

Source: AFP
Ref: Indonesia declares state of emergency as virus toll jumps
Photo: Reuters

Facebook Comments