October 24, 2020

ဗုိင္းရပ္စ္ပါလာမွာေၾကာက္ၿပီး ရြာက အ၀င္မခံေတာ့လုိ ့ ထုိင္းျပန္ အလုပ္သမားတစ္ဦး သစ္ပင္ေပၚ အိမ္ေဆာက္ သီးျခားခြဲေန

—ကုိလင္း(အကုန္သိ သတင္းဌာန)—

ကုိရုိနာဗုိင္းရပ္စ္ ပါလာမွာ ဆုိးတာေၾကာင့္ ေမြးရပ္ရြာက အ၀င္မခံေတာ့တဲ့ ထုိင္းႏုိင္ငံျပန္ ျမန္မာ ေရႊ႕ေျပာင္းလုပ္သားတစ္ဦးဟာ ရြာျပင္ သစ္ပင္တစ္ပင္ေပၚ အိမ္ေဆာက္ သီးျခားခြဲေနၿပီး ေရာဂါပုိး သံသယရွင္းတဲ့အထိ ေနထုိင္ေနေၾကာင္း ေဒသတြင္း သတင္းတစ္ခုကုိ ကုိးကားၿပီး ဘန္ေကာက္ပုိ ့စ္က ေဖာ္ျပပါတယ္။

အမည္ေဖာ္ျပထားျခင္း မရွိတဲ့ ယင္းအမ်ဳိးသားဟာ မဲေဆာက္ခရုိင္ရွိ ထုိင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတား အမွတ္ ၂ ကေန ေမြးရပ္ေျမကုိ ျပန္သြားခဲ့တဲ့ ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြထဲက တစ္ဦးျဖစ္တယ္လုိ ့ဆုိပါတယ္။ ဒါေပမဲ့ ကရင္ျပည္နယ္ ဘားအံၿမိဳ႕ရွိ သူ႕ရြာကုိ ေရာက္ခ်ိန္မွာေတာ့ သူ႕ကုိ ရြာထဲ အ၀င္မခံေတာ့ပါဘူး။ ရြာသားေတြဟာ ထုိင္းႏုိင္ငံနဲ႕ အျခားႏုိင္ငံေတြမွ ျပန္လာသူေတြကုိ ၁၄ ရက္ၾကာ သီးျခားခြဲေနမယ္ဆုိရင္ေတာင္ ရြာထဲအ၀င္ခံေတာ့ဖုိ ့ ဆုံးျဖတ္ထားၾကတယ္လုိ ့ သိရပါတယ္။

ဒါေၾကာင့္ ယင္းအမ်ဳိးသားဟာ သစ္ပင္တစ္ပင္ေပၚ အိမ္ေဆာက္ကာ ငွက္ေတြလုိ အသုိက္ဖြဲ႕ ေနထုိင္ခဲ့ပါတယ္။ ရြာထဲက သူ႕ေဆြမ်ဳိးေတြက သစ္ပင္ေျခရင္းမွာ သူ႕အတြက္ စားစရာနဲ႕ ေသာက္သုံးေရေတြ လာထားေပးၾကပါတယ္။

တနဂၤေႏြေန ့(မတ္ ၂၉) အထိဆုိရင္ သစ္ပင္ေပၚ သူေနခဲ့တာ ၇ ရက္ရွိသြားၿပီျဖစ္ၿပီး ေနာက္တစ္ပတ္ ဆက္ေနေနတယ္လုိ ့သိရပါတယ္။

ကုိရုိနာဗုိင္းရပ္စ္ ဟန္ ့တားထိန္းခ်ဳပ္ေရးအတြက္ ထုိင္းအစုိးရက အေရးေပၚအေျခအေန ထုတ္ျပန္ကာ ႏုိင္ငံကုိ lockdown လုပ္ေၾကာင္း ေၾကညာခဲ့ၿပီးေနာက္ပုိင္း ျမန္မာဘက္ကုိ ျပန္၀င္ခဲ့တဲ့ ေရႊ႕ေျပာင္းလုပ္သား ၁၀၀၀၀ ခန္ ့ရွိတယ္လုိ ့ သတင္းမွာ ေဖာ္ျပပါတယ္။ ဘန္ေကာက္ပုိ ့စ္

Unicode Version

ဗိုင်းရပ်စ်ပါလာမှာကြောက်ပြီး ရွာက အဝင်မခံတော့လို့ ထိုင်းပြန် အလုပ်သမားတစ်ဦး သစ်ပင်ပေါ် အိမ်ဆောက် သီးခြားခွဲနေ
—ကိုလင်း(အကုန်သိ သတင်းဌာန)—

ကိုရိုနာဗိုင်းရပ်စ် ပါလာမှာ ဆိုးတာကြောင့် မွေးရပ်ရွာက အဝင်မခံတော့တဲ့ ထိုင်းနိုင်ငံပြန် မြန်မာ ရွှေ့ပြောင်းလုပ်သားတစ်ဦးဟာ ရွာပြင် သစ်ပင်တစ်ပင်ပေါ် အိမ်ဆောက် သီးခြားခွဲနေပြီး ရောဂါပိုး သံသယရှင်းတဲ့အထိ နေထိုင်နေကြောင်း ဒေသတွင်း သတင်းတစ်ခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

အမည်ဖော်ပြထားခြင်း မရှိတဲ့ ယင်းအမျိုးသားဟာ မဲဆောက်ခရိုင်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ မွေးရပ်မြေကို ပြန်သွားခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေထဲက တစ်ဦးဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ကရင်ပြည်နယ် ဘားအံမြို့ရှိ သူ့ရွာကို ရောက်ချိန်မှာတော့ သူ့ကို ရွာထဲ အဝင်မခံတော့ပါဘူး။ ရွာသားတွေဟာ ထိုင်းနိုင်ငံနဲ့ အခြားနိုင်ငံတွေမှ ပြန်လာသူတွေကို ၁၄ ရက်ကြာ သီးခြားခွဲနေမယ်ဆိုရင်တောင် ရွာထဲအဝင်ခံတော့ဖို့ ဆုံးဖြတ်ထားကြတယ်လို့ သိရပါတယ်။

ဒါကြောင့် ယင်းအမျိုးသားဟာ သစ်ပင်တစ်ပင်ပေါ် အိမ်ဆောက်ကာ ငှက်တွေလို အသိုက်ဖွဲ့ နေထိုင်ခဲ့ပါတယ်။ ရွာထဲက သူ့ဆွေမျိုးတွေက သစ်ပင်ခြေရင်းမှာ သူ့အတွက် စားစရာနဲ့ သောက်သုံးရေတွေ လာထားပေးကြပါတယ်။

တနင်္ဂနွေနေ့(မတ် ၂၉) အထိဆိုရင် သစ်ပင်ပေါ် သူနေခဲ့တာ ၇ ရက်ရှိသွားပြီဖြစ်ပြီး နောက်တစ်ပတ် ဆက်နေနေတယ်လို့သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဟန့်တားထိန်းချုပ်ရေးအတွက် ထိုင်းအစိုးရက အရေးပေါ်အခြေအနေ ထုတ်ပြန်ကာ နိုင်ငံကို lockdown လုပ်ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း မြန်မာဘက်ကို ပြန်ဝင်ခဲ့တဲ့ ရွှေ့ပြောင်းလုပ်သား ၁၀၀၀၀ ခန့်ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဘန်ကောက်ပို့စ်

Facebook Comments