November 25, 2020

ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီး COVID-19 ကူးစက်ခံရ

ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီး COVID-19 ကူးစက်ခံရ

မနီလာ၊ ဧပြီ ၂

ဖိလစ်ပိုင်နိုင်ငံ ပြည်ထဲရေးဝန်ကြီး အက်ဒွာဒိုအာနိုသည် COVID-19 ကူးစက်နေကြောင်း သိရသည်။

မတ်လ ၃၁ ရက်နေ့က လက်ခံရရှိတဲ့ ဓာတ်ခွဲခန်းအဖြေအရ ကျွန်တော်ဟာ COVID-19 ပေါ့စတစ်ဖြစ်နေကြောင်းသိရပါတယ်ဟု ဝန်ကြီးကိုယ်တိုင်ကပင်လျှင် အတည်ပြုပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးသည် သူနှင့် ထိတွေ့ဆက်ဆံခဲ့သူ ၄ ဦးတွင် COVID-19 ကူးစက်နေကြောင်း သိရှိပြီးကတည်းကပင်လျှင် သီးသန့်ခွဲ၍ နေထိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၄ ဦးအနက် နှစ်ဦးမှာ တပ်မတော်အရာရှိချုပ် ဗိုလ်ချုပ်ကြီး ဖယ်လီမွန်ဆန်တိုစ်နှင့် မနီလာမြို့ပြဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့အထွေထွေမန်နေဂာ ဂျိုဂျိုဂါစီယာတို့ဖြစ်ကြသည်။

ပြည်ထဲရေးဝန်ကြီးက သူသည် ကျန်းမာရေးကောင်းမွန်လျှက်ရှိပြီး၊ ရောဂါလက္ခဏာများပြသခြင်းလည်းမရှိကြောင်း၊ အိမ်မှပင် အလုုပ်များဆက်လက်လုပ်ကိုင်ဆောင်ရွက်နေမည်ဖြစ်ကြောင်းကိုလည်းပြောကြားခဲ့သည်။

ဆေးစစ်ချက်ရလာဒ်က ကျွန်တော့်စိတ်နဲ့ရုပ်ခန္ဓာရဲ့ အင်အားတွေကို ထိခိုက်စေခြင်းမရှိပါဘူးဟုလည်း သူကပြောကြားသည်။

ပြည်သူများအနေဖြင့် အိမ်ထဲတွင်သာနေကြရန်နှင့် အချင်းချင်းနီးကပ်စွာမနေရေးညွှန်ကြားချက်များကို တိတိကျကျလိုက်နာကြရန်ကိုလည်း ပြည်ထဲရေးဝန်ကြီးက ထပ်လောင်းပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ကူးစက်ခြင်းခံရသူ စုစုပေါင်း ၂၃၁၁ဦးရှိနေပြီး၊ ၂၇ ဦးသေဆုံးခဲ့ကာ လူ ၅၀ မှာ ကုသပျောက်ကင်းခဲ့ကြောင်းသိရသည်။

Source: Philstar
Ref: Ao, Bongbong, Virata test positive
Photo: Erwin Cagadas Jr./File

(Zawgyi)

ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီး COVID-19 ကူးစက်ခံရ

မနီလာ၊ ဧျပီ ၂

ဖိလစ်ပိုင်နိုင်ငံ ပြည်ထဲရေးဝန်ကြီး အက်ဒွာဒိုအာနိုသည် COVID-19 ကူးစက်နေကြောင်း သိရသည်။

မတ္လ ၃၁ ရက်နေ့က လက်ခံရရှိတဲ့ ဓာတ်ခွဲခန်းအဖြေအရ ကျွန်တော်ဟာ COVID-19 ပေါ့စတစ်ဖြစ်နေကြောင်းသိရပါတယ်ဟု ၀န်ကြီးကိုယ်တိုင်ကပင်လျှင် အတည်ပြုပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးသည် သူနှင့် ထိတွေ့ဆက်ဆံခဲ့သူ ၄ ဦးတွင် COVID-19 ကူးစက်နေကြောင်း သိရှိပြီးကတည်းကပင်လျှင် သီးသန့်ခွဲ၍ နေထိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၄ ဦးအနက် နှစ်ဦးမှာ တပ်မတော်အရာရှိချုပ် ဗိုလ်ချုပ်ကြီး ဖယ်လီမွန်ဆန်တိုစ်နှင့် မနီလာမြို့ပြဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့အထွေထွေမန်နေဂာ ဂျိုဂျိုဂါစီယာတို့ဖြစ်ကြသည်။

ပြည်ထဲရေးဝန်ကြီးက သူသည် ကျန်းမာရေးကောင်းမွန်လျှက်ရှိပြီး၊ ရောဂါလက္ခဏာများပြသခြင်းလည်းမရှိကြောင်း၊ အိမ်မှပင် အလုပ်များဆက်လက်လုပ်ကိုင်ဆောင်ရွက်နေမည်ဖြစ်ကြောင်းကိုလည်းပြောကြားခဲ့သည်။

ဆေးစစ်ချက်ရလာဒ်က ကျွန်တော့်စိတ်နဲ့ရုပ်ခန္ဓာရဲ့ အင်အားတွေကို ထိခိုက်စေခြင်းမရှိပါဘူးဟုလည်း သူကပြောကြားသည်။

ပြည်သူများအနေဖြင့် အိမ်ထဲတွင်သာနေကြရန်နှင့် အချင်းချင်းနီးကပ်စွာမနေရေးညွှန်ကြားချက်များကို တိတိကျကျလိုက်နာကြရန်ကိုလည်း ပြည်ထဲရေးဝန်ကြီးက ထပ်လောင်းပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ကူးစက်ခြင်းခံရသူ စုစုပေါင်း ၂၃၁၁ဦးရှိနေပြီး၊ ၂၇ ဦးသေဆုံးခဲ့ကာ လူ ၅၀ မွာ ကုသပျောက်ကင်းခဲ့ကြောင်းသိရသည်။

Source: Philstar
Ref: Ao, Bongbong, Virata test positive
Photo: Erwin Cagadas Jr./File

Facebook Comments