October 20, 2020

COVID-19 လူနာအမှတ် (၄) Negative ဖြစ်သွားပြီလို့ ဒေါက်တာခင်ကျော်ဆို

မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ COVID-19လူနာအမှတ် (၄) ရဲ့ တတိယမြောက် ဆေးစစ်ဆေးမှုမှာ Negative ပြခဲ့တယ်လို့ မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ပြီး ဒေါက်တာခင်ကျော်က ပြောကြားခဲ့တယ်လို့ Myanmar Time က ဖော်ပြထားပါတယ်။

“လူနာက အခြေအနေကောင်းတယ်။ အခုဆိုရင် အောက်ဆီဂျင်မပေးရတော့ဘူးပေါ့။ အောက်ဆီဂျင်လွှတ်တယ်ဆိုကတည်းက သူက လန်းလန်းဆန်းဆန်းနဲ့ အခြေအနေကောင်းလာတာပေါ့။ သူ့ရဲ့အဆုတ်ကို ဓာတ်မှန်ရိုက်ြ့ည့်တော့လည်း အခြေအနေ ပြန်ကောင်းလာတယ်”လို့ ဒေါက်တာခင်ကျော်က ပြောကြားခဲ့တာပါ။

တခြားလူနာတွေဖြစ်တဲ့ ချင်းအမျိုးသားနဲ့ နေပြည်တော်ရှိ ဆွစ်ဇာလန်ရှိ လူနာအမှတ် (၇) တို့မှာလည်း ဆေးရုံကဆင်းဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

Ref: Myanmar Time

Facebook Comments