October 20, 2020

နိုင်ဂျီးရီးယားနိုင်ငံတွင် အိမ်တွင်းတွင်သာနေရန် အမိန့်ကို ချိုးဖောက်သူများအား ရဲတပ်ဖွဲ့က ဖြိုခွင်းရာ တစ်ဦးသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံတွင် အိမ်တွင်းတွင်သာနေရန် အမိန့်ကို ချိုးဖောက်သူများအား ရဲတပ်ဖွဲ့က ဖြိုခွင်းရာ တစ်ဦးသေဆုံး

နိုင်ဂျီးရီးယား၊ ဧပြီ ၎

နိုင်ဂျီးရီးယားနိုင်ငံတွင် အိမ်တွင်းတွင်သာနေရန် အမိန့်ကို ချိုးဖောက်သူများအား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာတွင် တစ်ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့ကပြောကြားသည်။

သေဆုံးသူမှာ နိုင်ဂျီးရီးယားနိုင်ငံ ရေနံမြို့တော်တစ်ခုဖြစ်သည့် ၀ါရီမြို့မှ ဂျိုးဆက်ပက်ဆူးဆိုသူဖြစ်ကြောင်း သိရသည်။

လူငယ်တွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြတာကို ဖြိုခွဲရင်းဖြစ်သွားခဲ့တာပါဟု ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အိုနိုမီအိုနိုဝပ်ပိုယေယာကပြောသည်။ ဆန္ဒပြသူတို့သည် လမ်းများကိုပိတ်ဆို့၍ လမ်းပေါ်တွင် ကားတာယာများအားမီးရှို့မှုများကိုပါပြုလုပ်ခဲ့ကြသည်။ သို့ရာတွင် ရဲတပ်ဖွဲ့မှ အခြေအနေပြန်လည်တည်ငြိမ်သွားစေရန် ဆောင်ရွက်နိုင်ခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံတွင် အဓိကမြို့ကြီးများအပါအဝင် ဒေသအတော်များများကို lockdown ချထားကာ ပြည်သူများအား အိမ်တွင်းတွင်သာနေကြရန် Stay-at-home အမိန့်ကိုထုတ်ပြန်ထားသည်။

ယမန်နေ့အထိသိရသော အချက်အလက်များအရ နိုင်ဂျီးရီးယားနိုင်ငံတွင် COVID-19 အတည်ပြုလူနာ စုစုပေါင်း ၂၁၀ ရှိပြီး၊ ၄ ဦးသေဆုံးခဲ့ကာ၊ ၂၅ ဦးပျောက်ကင်းခဲ့ကြောင်းသိရသည်။

Source: AFP
Ref: Nigerian man shot dead for flouting virus lockdown

(Zawgyi)

နိုင်ဂျီးရီးယားနိုင်ငံတွင် အိမ်တွင်းတွင်သာနေရန် အမိန့်ကို ချိုးဖောက်သူများအား ရဲတပ်ဖွဲ့က ဖြိုခွင်းရာ တစ်ဦးသေဆုံး

နိုင်ဂျီးရီးယား၊ ဧျပီ ၎

နိုင်ဂျီးရီးယားနိုင်ငံတွင် အိမ်တွင်းတွင်သာနေရန် အမိန့်ကို ချိုးဖောက်သူများအား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာတွင် တစ်ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့ကပြောကြားသည်။

သေဆုံးသူမှာ နိုင်ဂျီးရီးယားနိုင်ငံ ရေနံမြို့တော်တစ်ခုဖြစ်သည့် ၀ါရီမြို့မှ ဂျိုးဆက်ပက်ဆူးဆိုသူဖြစ်ကြောင်း သိရသည်။

လူငယ်တွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြတာကို ဖြိုခွဲရင်းဖြစ်သွားခဲ့တာပါဟု ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အိုနိုမီအိုနိုဝပ်ပိုယေယာကပြောသည်။ ဆန္ဒပြသူတို့သည် လမ်းများကိုပိတ်ဆို့၍ လမ်းပေါ်တွင် ကားတာယာများအားမီးရှို့မှုများကိုပါပြုလုပ်ခဲ့ကြသည်။ သို့ရာတွင် ရဲတပ်ဖွဲ့မှ အခြေအနေပြန်လည်တည်ငြိမ်သွားစေရန် ဆောင်ရွက်နိုင်ခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံတွင် အဓိကမြို့ကြီးများအပါအ၀င် ဒေသအတော်များများကို lockdown ခ်ထားကာ ပြည်သူများအား အိမ်တွင်းတွင်သာနေကြရန် Stay-at-home အမိန့်ကိုထုတ်ပြန်ထားသည်။

ယမန်နေ့အထိသိရသော အချက်အလက်များအရ နိုင်ဂျီးရီးယားနိုင်ငံတွင် COVID-19 အတည်ပြုလူနာ စုစုပေါင်း ၂၁၀ ရှိပြီး၊ ၄ ဦးသေဆုံးခဲ့ကာ၊ ၂၅ ဦးပျောက်ကင်းခဲ့ကြောင်းသိရသည်။

Source: AFP
Ref: Nigerian man shot dead for flouting virus lockdown

Facebook Comments