November 25, 2020

အိမ်မှာနေရင်းကျန်းမာရေးဝန်ထမ်းတွေကိုကူညီဖို့ပြောထားတဲ့ ဝတ်မှုံရွှေရည်

အိမ်မှာနေရင်းကျန်းမာရေးဝန်ထမ်းတွေကိုကူညီဖို့ပြောထားတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် ဝတ်မှုံရွှေရည် ကေတာ့ ကိုရိုနာဗိုင်းရပ်စ် ကိုကာကြယ္ဖို့ နဲ့ကျန်းမာရေးဝန်ထမ်းတွေကို ကူညီဖို့အတွက် အိမ်ထဲမှာနေဖို့ပြောထားပါတယ်။

“အားလုံးအတွက် အလုပ်လုပ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ ကို အားပေးဖို့ ဒီ campaign မွာ ပါဝင်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်ရှင့်။

Covid-19 ကို ကာကွယ် ခုခံ တွန်းလှန်နိုင်ဖို့ အခုအချိန်မှာ အလြန္တရာမွ အရေးကြီးနေပြီ ဖြစ်တဲ့ ကဏ္ဍကတော့ ကျန်းမာရေး ကဏ္ဍက ဝန်ထမ်းများ ဖြစ်ပါတယ်။
တိုက်စစ်မှူးတွေ ရော ရှေ့တန်းရော အလယ်တန်းရော နောက်တန်းရော ဘယ်တောင်ပံ ညာတောင်ပံ မကျန် တစ်နိုင်ငံလုံးက ဆရာဝန္မ်ား ဆရာမမ်ား နဲ့ ကျန်းမာရေး ဝန်ထမ်းများ အားလုံးဟာ အခုအချိန်မှာ မိမိရဲ့ ကိုယ်ကျိုးကို မငဲ့ကွက်ပဲ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ ကြိုးစားအားထုတ် ပြီးတော့ Covid တိုက္ပြဲ အတွက် အင်တိုက် အားတိုက် အလုပ်လုပ်ပေးနေကြပါတယ်။

ဒါကို ကူညီအားဖြည့်တဲ့ အနေနဲ့
သေရေးရှင်ရေး အရေးကြီး ကိစ္စ မဟုတ်ရင်/
နိုင်ငံရဲ့ ယန္တရားကြီး လည်ပတ်နေဖို့ အပြင်ထွက် အလုပ္လုပ္ဖို့ လိုအပ်တဲ့ သူကလွဲရင် /
နိစ္စဓူဝ လုပ်ငန်း / စားဝတ်နေရေး အတွက် မျဖစ္မေန အပြင်မှာ အလုပ် ဆက်လုပ်နေရမယ့် သူတွေကလွဲရင်

အပြင်ကို လုံးဝ (လုံးဝ) မထွက်ကြဘဲ အိမ်မှာပဲ နေကြဖို့ အရေးကြီးပါတယ်။

အိမ်မှာနေခြင်းဖြင့် ကျန်းမာရေးဝန်ထမ်းများ ကိုကူညီကြပါစို့။” ဆိုပြီး သူမရဲ့ ဖေ့ဘွတ် စာမျက်နှာမှာတင်ထားပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ ၂၀ ဦးရှိနေပြီ ဖြစ်ပြီး သေဆုံးသူ ၁ဦးရှိနေပြီဖြစ်ပါတယ်။

Pissaya_Entertainment #WuttHmoneShweYi

StayHome

Facebook Comments