October 20, 2020

COVID -19 မမှန်သတင်းရေးတင်သူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် ဖမ်းဆီ

COVID -19 မမှန်သတင်းရေးတင်သူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် ဖမ်းဆီး

နေပြည်တော် ဧပြီ ၎

သန်းထိုက်အောင်

ပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့တွင် COVID -19ကူးစက်ခံရသူတွေ့ရှိဟု ဖေ့ဘွတ်လူမှုကွန်ရက်မှတဆင့် မဟုတ်မမှန်သတင်းရေးတင်ခဲ့သူတစ်ဦးကို ရေတာရှည်ရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ဦးဘုန်းမြင့်မိုး ဆိုသည့် အကောင့်ပိုင်ရှင်သည် ရေတာရှည် မြို့သူမြို့သားများ Groupတွင် ရေတာရှည်မြို့နယ်၊ ဘရင်းကုန်းကျေးရွာတွင် COVID-19ရောဂါပိုး Positive ဖြစ်နေကြောင်း၊ တောင်ငူမြို့မှ တိတ်တဆိတ် လာရောက်ခေါ်ယူသွားပြီး Stay Home ကြိတ်ကုနေကြောင်းနှင့် ဆင်ဆင်ခြင်ခြင် သတိထားကြရန် ” ဟု ရေးသားခဲ့သဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူခံရခြင်းဖြစ်သည်။

အကောင့်ပိုင်ရှင်ကိုတော့ ဖမ်းဆီးထားပါပြီ။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ္မ(၂၇)နဲ့ အမှုဖွင့်လိုက်တာပါ ဟု ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် ရဲမင်းထွေးက ပြောသည်။

အဆိုပါ ဦးဘုန်းမြင့်မိုးကို သက်သေခံပစ္စည်းများနှင့် ယနေ့(ဧပြီ ၄ ) တွင် ဖမ်းဆီးထားပြီး ရေတာရှည်မြို့နယ် COVID -19 ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ ဥက္ကဌ ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နိုင်မှ တရားလို ပြုလုပ်တိုင်ကြားခဲ့ကာ ရဲတပ်ဖွဲ့မှ တရားစွဲတင် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၃ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပေဒ ပုဒ္မ(၂၇) အရ ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ် တစ်နှစ်အထိ ဖြစ်စေ၊ငွေဒဏ် ဖြစ်စေ ၊ပြစ်ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

COVID-19ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ကြေညာထားပြီး မြန်မာနိုင်ငံတွင်လည်း ပိုးတွေ့သူ (ဧပြီ ၄ရက်နေ့ ည ၈နာရီအထိ) ၂၁ယောက်တွေ့ရှိခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် အများပြည်သူလိုက်နာရန် အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ထားရာ မလိုက္နာပဲ မင်္ဂလာဆောင်သူများနှင့် စောင့်ကြည့်စခန်းများတွင် ပြသနာရှာသူများကို အေရးယူမွုမ်ား လုပ်ဆောင်နေပြီ ဖြစ်သည်။

Zawgyi ဖြင့်ဖတ်ရန်

COVID -19 မမှန်သတင်းရေးတင်သူကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် ဖမ်းဆီး

နေပြည်တော် ဧပြီ ၎

သန်းထိုက်အောင်

ပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့တွင် COVID -19ကူးစက်ခံရသူတွေ့ရှိဟု ဖေ့ဘွတ်လူမှုကွန်ရက်မှတဆင့် မဟုတ်မမှန်သတင်းရေးတင်ခဲ့သူတစ်ဦးကို ရေတာရှည်ရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ဦးဘုန်းမြင့်မိုး ဆိုသည့် အကောင့်ပိုင်ရှင်သည် ရေတာရှည် မြို့သူမြို့သားများ Groupတွင် ရေတာရှည်မြို့နယ်၊ ဘရင်းကုန်းကျေးရွာတွင် COVID-19ရောဂါပိုး Positive ဖြစ်နေကြောင်း၊ တောင်ငူမြို့မှ တိတ်တဆိတ် လာရောက်ခေါ်ယူသွားပြီး Stay Home ကြိတ်ကုနေကြောင်းနှင့် ဆင်ဆင်ခြင်ခြင် သတိထားကြရန် ” ဟု ရေးသားခဲ့သဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူခံရခြင်းဖြစ်သည်။

အကောင့်ပိုင်ရှင်ကိုတော့ ဖမ်းဆီးထားပါပြီ။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ္မ(၂၇)နဲ့ အမှုဖွင့်လိုက်တာပါ ဟု ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် ရဲမင်းထွေးက ပြောသည်။

အဆိုပါ ဦးဘုန်းမြင့်မိုးကို သက်သေခံပစ္စည်းများနှင့် ယနေ့(ဧပြီ ၄ ) တွင် ဖမ်းဆီးထားပြီး ရေတာရှည်မြို့နယ် COVID -19 ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ ဥက္ကဌ ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နိုင်မှ တရားလို ပြုလုပ်တိုင်ကြားခဲ့ကာ ရဲတပ်ဖွဲ့မှ တရားစွဲတင် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၃ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပေဒ ပုဒ္မ(၂၇) အရ ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ် တစ်နှစ်အထိ ဖြစ်စေ၊ငွေဒဏ် ဖြစ်စေ ၊ပြစ်ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

COVID-19ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ကြေညာထားပြီး မြန်မာနိုင်ငံတွင်လည်း ပိုးတွေ့သူ (ဧပြီ ၄ရက်နေ့ ည ၈နာရီအထိ) ၂၁ယောက်တွေ့ရှိခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် အများပြည်သူလိုက်နာရန် အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ထားရာ မလိုက္နာပဲ မင်္ဂလာဆောင်သူများနှင့် စောင့်ကြည့်စခန်းများတွင် ပြသနာရှာသူများကို အရေးယူမှုများ လုပ်ဆောင်နေပြီ ဖြစ်သည်။

Facebook Comments