October 20, 2020

ဝူဟန် lockdown ရုပ်သိမ်းပြီ

ဝူဟန် lockdown ရုပ်သိမ်းပြီ

ဝူဟန်၊ ဧပြီ ၈

၇၆ ရက်ကြာ ကမ္ဘာနှင့်အဆက်အသွယ်ဖြတ်ခဲ့သော ဝူဟန်မြို့သည် ယခုအခါ lockdown ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

ဇန္နဝါရီ ၂၃ ရက်မှ စတင်၍ lockdown ချခြင်းခံထားရသည့် ဝူဟန်မြို့မှ ပြည်သူများအား မိမိတို့မြို့မှနေ၍ အခြားဒေသများဆီသို့ သွားခွင့်ပြုပြီဖြစ်ကြောင်းကို တရုတ်အာဏာပိုင်များက ဗုဒ္ဓဟူးနေ့(ဧပြီ ၇)ရက်ည သန်းခေါင်အချိန်က ကြေညာခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေးရလိုက်သလိုပါပဲဟု ဝူဟန်မြို့နေ အသက် ၅၁ နှစ်အရွယ်ရှိ ကျန်ခိုင်းကျုံကပြောသည်။ သူ၏ မော်တော်ယာဉ်အပါအဝင် မော်တော်ယာဉ်တန်းကြီးသည် ဝူဟန်မြို့အရှေ့ဖက်သို့ ဦးတည်သော အဝေးပြေလမ်းမထွက်ပေါက်မှ မြို့ပြင်သို့တွက်၍ ကျန်စုပြည်နယ်ဆီသို့သွားရန် တန်းစီစောင့်ဆိုင်းလျှက်ရှိကြသည်။

ဝူဟန်မြို့တာဝန်ရှိသူများကလည်း မြို့တော် ပြန်လည်ဖွင့်လှစ်ခြင်းကို အခမ်းအနားတစ်ရပ်ဖြင့်ဖွင့်လှစ်ပေးခဲ့သည်။ ဝူဟန်ပြည်သူများကလည်း လူမှုကွန်ရက်အမျိုးမျိုးတွင် ဝူဟန်မြို့ lockdown ရုပ်သိမ်းပြီဖြစ်ကြောင်းကို ပျော်ရွှင်စွာ ရေးသားခဲ့ကြသည်။

အမျိုးသမီးငယ်တစ်ဦးကမူ ဝူဟန်မြို့ lockdown ကျနေချိန်မှာ ကျွန်မ ၁၀ ကီလို ၀ိတ်ကျသွားတယ်။ စာအုပ် ၂ အုပ်ဖတ်ဖြစ်တယ်။ တစ်သက်လုံးတစ်ခါမှ မကြိုးစားခဲ့တဲ့ ကိုယ့်ကိုယ်ကို ဆံပင်ညှပ်ဖြစ်သွားတယ်။ တစ်နေ့ကို ၈ နာရီ အိပ်ဖြစ်တယ်။ ခုတော့ ပြင်ပကမ္ဘာနဲ့ ပြန်ဆက်သွယ်ဖို့ အာရုံပဲရှိတော့တယ်ဟု လူမှုကွန်ရက်တွင်ရေးသားခဲ့သည်။

Source: The Guardian
Ref: ‘Liberation’ as Wuhan’s coronavirus lockdown ends after 76 days
Photo: Xinhua, AFP

(Zawgyi)

ဝူဟန် lockdown ရုပ်သိမ်းပြီ

ဝူဟန်၊ ဧျပီ ၈

၇၆ ရက်ကြာ ကမ္ဘာနှင့်အဆက်အသွယ်ဖြတ်ခဲ့သော ၀ူဟန်မြို့သည် ယခုအခါ lockdown ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

ဇန်န၀ါရီ ၂၃ ရက်မှ စတင်၍ lockdown ချခြင်းခံထားရသည့် ၀ူဟန်မြို့မှ ပြည်သူများအား မိမိတို့မြို့မှနေ၍ အခြားဒေသများဆီသို့ သွားခွင့်ပြုပြီဖြစ်ကြောင်းကို တရုတ်အာဏာပိုင်များက ဗုဒ္ဓဟူးနေ့(ဧျပီ ၇)ရက်ည သန်းခေါင်အချိန်က ကြေညာခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေးရလိုက်သလိုပါပဲဟု ၀ူဟန်မြို့နေ အသက် ၅၁ နှစ်အရွယ်ရှိ ကျန်ခိုင်းကျုံကပြောသည်။ သူ၏ မော်တော်ယာဉ်အပါအ၀င် မော်တော်ယာဉ်တန်းကြီးသည် ၀ူဟန်မြို့အရှေ့ဖက်သို့ ဦးတည်သော အဝေးပြေလမ်းမထွက်ပေါက်မှ မြို့ပြင်သို့တွက်၍ ကျန်စုပြည်နယ်ဆီသို့သွားရန် တန်းစီစောင့်ဆိုင်းလျှက်ရှိကြသည်။

ဝူဟန်မြို့တာဝန်ရှိသူများကလည်း မြို့တော် ပြန်လည်ဖွင့်လှစ်ခြင်းကို အခမ်းအနားတစ်ရပ်ဖြင့်ဖွင့်လှစ်ပေးခဲ့သည်။ ၀ူဟန်ပြည်သူများကလည်း လူမှုကွန်ရက်အမျိုးမျိုးတွင် ၀ူဟန်မြို့ lockdown ရုပ်သိမ်းပြီဖြစ်ကြောင်းကို ပျော်ရွှင်စွာ ရေးသားခဲ့ကြသည်။

အမျိုးသမီးငယ်တစ်ဦးကမူ ၀ူဟန်မြို့ lockdown ကျနေချိန်မှာ က်ြန္မ ၁၀ ကီလို ၀ိတ်ကျသွားတယ်။ စာအုပ် ၂ အုပ်ဖတ်ဖြစ်တယ်။ တစ်သက်လုံးတစ်ခါမှ မကြိုးစားခဲ့တဲ့ ကိုယ့်ကိုယ်ကို ဆံပင်ညှပ်ဖြစ်သွားတယ်။ တစ်နေ့ကို ၈ နာရီ အိပ်ဖြစ်တယ်။ ခုတော့ ပြင်ပကမ္ဘာနဲ့ ပြန်ဆက်သွယ်ဖို့ အာရုံပဲရှိတော့တယ်ဟု လူမှုကွန်ရက်တွင်ရေးသားခဲ့သည်။

Source: The Guardian
Ref: ‘Liberation’ as Wuhan’s coronavirus lockdown ends after 76 days
Photo: Xinhua, AFP

Facebook Comments