November 25, 2020

တစ်ယောက်ဆုံးပါးသွားခြင်းဟာ နိုင်ငံအတွက်ဆုံးပါးခြင်းဖြစ်ပြီး အသက်ဆုံးရှုံးမှုများ ပိုမရှိလာစေရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

တစ်ယောက်ဆုံးပါးသွားခြင်းဟာ နိုင်ငံအတွက်ဆုံးပါးခြင်းဖြစ်ပြီး အသက်ဆုံးရှုံးမှုများ ပိုမရှိလာစေရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

မြန်မာနိုင်ငံအတွင်း အတည်ပြုလူနာ (၁၇) ကွယ်လွန်ခဲ့ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စိတ်မကောင်းဖြစ်လျက်ရှိနေပြီး နောက်နောင် အဲဒီလိုသေဆုံးမှုမျိုးတွေ မရှိအောင် ဝိုင်းဝန်း ကူညီကြဖို့ ပြောဆိုသွားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ (၈) ရက်နေ့ နံနက်ပိုင်းတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေတဲ့ မကွေးတိုင်းဒေသကြီးမှ ပြည်သူများနှင့် အပြန်အလှန် ဆွေးနွေးခြင်းအစီအစဉ်မှာ ထည့်သွင်း ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

” ဒီလိုဟာတွေ ဒီလိုဝမ်းနည်းစရာ သတင်းတွေတော့ နောက်အပတ်တွေအတွင်းမှာတော့ ကျွန်မတို့ ကြားရမှာပဲ။ ဒါအတွက်တော့ ပြင်ဆင်ထားရမယ်။ ဒီလိုကိစ္စတွေ မများအောင်ပဲ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းခြင်းအားဖြင့် ဆောင်ရွက်ပေးဖို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ တစ်ယောက်ဆုံးပါးခြင်းဆိုတာဟာ နိုင်ငံအတွက် ဆုံးပါးခြင်းပဲ။ နောင်ထပ်ပြီးတော့ ဆုံးပါးမှုတွေမရှိအောင်လို့ အတတ်နိုင်ဆုံး ဝိုင်းပြီးတော့ ကူညီကြပါ။ ဝိုင်းပြီးတော့ လက်တွဲပြီးတော့ ဆောင်ရွက်ကြပါ။ လက်တွဲဆိုတာကတော့ တကယ်ရုပ်ပိုင်းဆိုင်ရာ တွဲပြီးတော့ မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာ တွဲပြီးတော့ ဆောင်ရွက်ကြပါ”လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့တာပါ။

လတ်တလော မြန်မာနိုင်ငံအတွင်းမှာ COVID-19 အတည်ပြုလူနာ (၃) ဦးအထိ သေဆုံးသွားခဲ့ပြီး တခြား အာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ သေဆုံးမှုနှုန်း မြင့်မားနေခဲ့တာပါ။

Facebook Comments