October 20, 2020

လူနာနံပါတ်-၁၇ အား ပြည်မြို့ အထွေထွေရောဂါကုဆေးရုံတွင် ကြပ်မတ်ကုသပေးခဲ့သည့် ဆရာဝန် ၁၄ ဦးရွိ၊ ၁၃ ဦးတွင် ရောဂါပိုးကူးစက်ခံရခြင်းမရှိ

လူနာနံပါတ်-၁၇ အား ပြည်မြို့ အထွေထွေရောဂါကုဆေးရုံတွင် ကြပ်မတ်ကုသပေးခဲ့သည့် ဆရာဝန် ၁၄ ဦးရွိ၊ ၁၃ ဦးတွင် ရောဂါပိုးကူးစက်ခံရခြင်းမရှိ


ပြည်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူခဲ့သည့် လူနာနံပါတ်-၁၇ (ကွယ်လွန်)အား ကြပ်မတ်ကုသပေးခဲ့သည့်ဆရာဝန် (၁၄) ဦးရှိပြီး မေ့ဆေးရာဝန်မကြီးမှအပ ကျန် (၁၃) ဦးစလုံး ရောဂါပိုးကူးစက်ခံရမှုမရှိကြောင်း သိရသည်။

လူနာနံပါတ်-၃၀ ဖြစ်သည့် အသက် (၅၈) နှစ်ရှိပြီဖြစ်သော မေ့ဆေးဆရာဝန်မကြီးမှာ လူနာနံပါတ်-၁၇ အား Airway Intubation လည်ချောင်းပိုက်ထည့်စဉ် မမြင်ရသဖြင့် PPE ဝတ္စုံမွ မျက်မှန် (Goggles) ကိုချွတ်ပြီးထည့်မိသည်ဟု သူမနှင့်နီးစပ်သူများအားပြောကြားခဲ့ကြောင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့ နှံ့လျက်ရှိသည်။

အဲဒီအချိန်မှာ လူနာက အသည်းအသန်ဖြစ်နေတော့ လူနာကောင်းမွန်အောင် အသက်ရှုပိုက်ထိုးထည့်တာအခါ မမြင်ရလို့ မျက်မှန်မပါတာမျိုးလည်း ဖြစ်မှာပေါ့။ ဒါကေတာ့ ဆရာမကြီးပဲ သိလိမ့်မယ်။ ဒါပေမယ့် ဖြစ်နိုင်ပါတယ်။ မမြင်ရတဲ့အခါကျတော့ ရလိုဇောနဲ့ လုပ္တာ။ လူနာအတွက် ကောင်းစေချင်တဲ့ ဆန္ဒပါဟု ပြည် အထွေထွေရောဂါကုဆေးရုံမှ ဒု-ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သီတာစိုးက ရှင်းပြသည်။

ဆက်လက်ပြီး ဆရာမကြီးဟာ Case-17 လူနာကို အနီးကပ်ကုသမှုပေးခဲ့တယ်။ ပိုပြီးတော့ သူက အနီးစပ်ဆုံး ဖြစ်တယ်။ ဒါကြောင့် အခု NHL က စစ်ဆေးလိုက်တော့ Positive ဖြစ်တယ်ပေါ့နော်။ ဒါကြောင့် ဝေဘာဂီဆေးရုံကို ညက ပို့လိုက္တာပါဟု ၎င်းက ပြောသည်။

အဆိုပါ လူနာနံပါတ်-၃၀ ဖြစ်သည့် ဆရာဝန်မကြီးအား ပြည်ဆေးရုံမှ ဧပြီလ ၁၁ ရက်၊ ည ၁၁ နာရီ ၁၅ တွင် ဝေဘာဂီဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ပြီး လက်ရှိအချိန်တွင် ဆရာဝန်မကြီးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ရောဂါလက္ခဏာပြသခြင်းမရှိကြောင်း သိရသည်။

ကောင်းခက်မာန်

လူနာနံပါတ်-၁၇ အား ပြည်မြို့ အထွေထွေရောဂါကုဆေးရုံတွင် ကြပ်မတ်ကုသပေးခဲ့သည့် ဆရာဝန် ၁၄ ဦးရွိ၊ ၁၃ ဦးတွင် ရောဂါပိုးကူးစက်ခံရခြင်းမရှိ


ပြည်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူခဲ့သည့် လူနာနံပါတ်-၁၇ (ကွယ်လွန်)အား ကြပ်မတ်ကုသပေးခဲ့သည့်ဆရာဝန် (၁၄) ဦးရှိပြီး မေ့ဆေးရာဝန်မကြီးမှအပ ကျန် (၁၃) ဦးစလုံး ရောဂါပိုးကူးစက်ခံရမှုမရှိကြောင်း သိရသည်။

လူနာနံပါတ်-၃၀ ဖြစ်သည့် အသက် (၅၈) နှစ်ရှိပြီဖြစ်သော မေ့ဆေးဆရာဝန်မကြီးမှာ လူနာနံပါတ်-၁၇ အား Airway Intubation လည်ချောင်းပိုက်ထည့်စဉ် မမြင်ရသဖြင့် PPE ၀တ်စုံမှ မျက်မှန် (Goggles) ကိုချွတ်ပြီးထည့်မိသည်ဟု သူမနှင့်နီးစပ်သူများအားပြောကြားခဲ့ကြောင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့ နှံ့လျက်ရှိသည်။

အဲဒီအချိန်မှာ လူနာက အသည်းအသန်ဖြစ်နေတော့ လူနာကောင်းမွန်အောင် အသက်ရှုပိုက်ထိုးထည့်တာအခါ မမြင်ရလို့ မျက်မှန်မပါတာမျိုးလည်း ဖြစ်မှာပေါ့။ ဒါကေတာ့ ဆရာမကြီးပဲ သိလိမ့်မယ်။ ဒါပေမယ့် ဖြစ်နိုင်ပါတယ်။ မမြင်ရတဲ့အခါကျတော့ ရလိုဇောနဲ့ လုပ္တာ။ လူနာအတွက် ကောင်းစေချင်တဲ့ ဆန္ဒပါဟု ပြည် အထွေထွေရောဂါကုဆေးရုံမှ ဒု-ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သီတာစိုးက ရှင်းပြသည်။

ဆက်လက်ပြီး ဆရာမကြီးဟာ Case-17 လူနာကို အနီးကပ်ကုသမှုပေးခဲ့တယ်။ ပိုပြီးတော့ သူက အနီးစပ်ဆုံး ဖြစ်တယ်။ ဒါကြောင့် အခု NHL က စစ်ဆေးလိုက်တော့ Positive ဖြစ်တယ်ပေါ့နော်။ ဒါကြောင့် ဝေဘာဂီဆေးရုံကို ညက ပို့လိုက်တာပါဟု ၎င်းက ပြောသည်။

အဆိုပါ လူနာနံပါတ်-၃၀ ဖြစ်သည့် ဆရာဝန်မကြီးအား ပြည်ဆေးရုံမှ ဧပြီလ ၁၁ ရက်၊ ည ၁၁ နာရီ ၁၅ တွင် ဝေဘာဂီဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ပြီး လက်ရှိအချိန်တွင် ဆရာဝန်မကြီးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ရောဂါလက္ခဏာပြသခြင်းမရှိကြောင်း သိရသည်။

ကောင်းခက်မာန်

Facebook Comments