October 20, 2020

အိမ်ဆောက်ဖို့အတွက် ကိုယ်စိုက်ထားတဲ့သစ်ပင် ကိုယ်ခုတ်မိလို့ အဖမ်းခံရသူရဲ့ နေအိမ်ကို သွားကြည့်လိုက်တဲ့အခါ

မနေ့က အဖမ်းခံရတဲ့ လွှသမားတစ်ဦးရဲ့ ခေလး ၃ ယောက်ရဲ့ အခြေအနေကို မနေနိုင် မထိုင်နိုင် ဒီနေ့ သွားကြည့်ဖြစ်ပါတယ်။အိမ္က ကလော့ရွာဟောင်း မွာ၊ မိုးတွင်းမှာ အမြဲရေမြုပ်တတ်လို့ထင်ပါရဲ့။ အိမ်ကိုအမြင့်ကြီး ခြေတံရှည်ဆောက်ထားတာတွေ့ရတယ်။ အိမ္က open type. တံခါးမရွိ၊ ပြူတင်းပေါက်မရှိသေး။ အိမ်ပေါ်တက်လိုက်တော့ အိမ်မကြီးက အခင်း မရှိပြန်။ ဆင့်တောင်မှမစုံ။ လွှအငှားလိုက် ထင်းအငှားဖြတ်ရင်း လုပ္ခေလး နဲနဲရလိုက်၊ အိမ္ကို နဲနဲထပ်ဖြည့်လိုက် သစ်ပြားလေး တစ်ပြားနှစ်ပြားရလာရင် စုထားလိုက် ဆိုတဲ့ ပုံပါပဲ။

အလည်က ၁၂နှစ် အငယ္က ၆ နှစ်၊ နင်တို့အမရောလို့ မေးလိုက်တော့ အေဖကို ထမင်းသွားပို့တယ်တဲ့။ နင်တို့ထမင်းစားဘို့ ပိုက်ဆံဘယ္ကရလဲ လို့မေးတော့ အမလိုက်ချေးတာပေါ့လို့ ပြန်ဖြေပါတယ်။ ကျေးရွာအုပ်မှူးကတော့ မနေ့က ဆန်နဲ့ စားစရာဝယ္စားဘို့ သူ တစ်သောင်းပေးထားတယ်လို့ ပြောပါတယ်။ အကြီးမက ၁၈ နှစ်လောက်ရှိပြီး လောလောဆယ်အလုပ်မရှိကြောင်းလဲ ပြောပြတော့ ဒီကလေးတွေ အဖေဘယ်တော့မှ ပြန်ရောက်လာမလဲမသိ၊ အဖေလွတ်ရင်ပြီးရော ဖြစ်ချင်ရာဖြစ် ဆိုပြီး မနူးမနပ်အရွယ်နဲ့မဆင်မချင် လုပ်ကြရင်ဖြစ်. ဒီခေလး ၃ယောက် ဘယ်လိုရှေ့ခရီးဆက်ကြမလဲ တွေးပြီး သက်ပြင်းပဲ အခါခါ ချမိပါတယ်။

မြို့နယ်အဆင့် တာဝန်ရှိသူတစ်ဦးရဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်ကြောင့် မိသားစုတစ်စုတော့ ကိုဗစ်အကျပ်အတည်းကာလမှာ ပိုပြီး ဒုက္ခရောက်ပါပြီ။ ဒါနဲ့ ကျွန်တော်က အိပ်ထဲပါလာတဲ့ ငွေငါးသောင်း၊ ရေးမြို့နယ် NLD ဥက္ကဌ ဦးကျော်မိုးအေးက ငွေ သုံးသောင်း ခလေးတွေ လောလောဆယ် ဝမ်းရေးအခက်မပွေအောင်ပေးရင်း ကေလာ့ အုပ်ချုပ်ရေးမှူးကိုရော၊ အရပ်ထဲက ကိုယ့်အသိတွေကိုရော ခလေးတွေကို ဝိုင်းဝန်းစောင့်ရှောက်ပေးဘို့နဲ့ အခက်အခဲရှိရင် ဆက်သြယ္ဘို့ မှာထားခဲ့ရပါတယ်။

( စကားချပ်။။ အပြန်မှာ မနေ့က သစ်ဖမ်းတဲ့နေရာကို ဝင်စုံစမ်းကြည့်တော့ သစ်ပင်က လမ်းနံဘေးခြံမှာ၊ ပုံမွာ ကားရပ်ထားတာရဲ့ဘေးမှာပဲ။ သူ့ခြံထဲကအပင်ကို ခုတ္ဘို့ အဘိုးကြီးက သူ့တူကိုခေါ်ခိုင်းတော့ သူ့တူက ဝိုင်းလုပ်ဘို့အဖေါ်တစ်ယောက် ခေါ်လာပြီး သစ်ပင်လှဲတာပါ။ လုပ်နေတုံး သစ်တောဌာနကရောက်လာတယ်။ သူတို့ကလဲ ခြံကသစ်ပဲဆိုတော့ မပြေးကြဘူး။ သစ်တောက ရဲခေါ် လက်ထိပ်ခတ်မှ လမ်းဘေးဆိုတော့ ဖြတ်သွားဖြတ်လာတွေ ရောက်လာကြ၊ ဒီလောက်ထိမလုပ်ပါနဲ့၊ ပညာပေးပြီး သိမ်းစရာရှိတာသိမ်းဖို့ ဝိုင်းပြောကြသတဲ့။ အဲဒီမွာ ဦးစီးအရာရွိက တခြံကျော်မှာ ထင်းဖြတ်နေတဲ့ ဒီကိစ္စနဲ့ ဘာမှမဆိုင်တဲ့ စက်သမားတစ်ယောက်ကိုပါ ထပ်ဖမ်းပြန်သတဲ့၊ ဒါကြောင့်သစ်တောဌာနက တင်တဲ့ပို့စ်မှာ လွှသမား ၃ ဦးဖြစ်နေတာလို့ ရှင်းပြကြတယ်။

ဒီတော့ တရားမဝင်သစ် ဟုတ်မဟုတ် ဆိုတာကို ပြောဖို့ လိုလာတဲ့အပြင် တရားခံ ၄ ဦးဆိုတဲ့ နေရာမှာလည်း လွှသမား ၃ ဦးကို တရားဝင်လိုင်စင်မရှိလို့ တရားခံလို့ အကြမ်းဖျဉ်းဆိုနိုင်သော်လည်း သူ့ခြံကသစ်ကို သူ့ကိုယ်ပိုင်သုံးအတွက် သူခုတ်တဲ့သူကို၂၀၁၈ သစ်တောဥပဒေက ဘယ်ပုဒ်မနဲ့ သူ့ကို တရားခံလို့ တိတိကိက် သတ်မှတ်နိုင်ပါသလဲ ဆိုတာ စဉ်းစားစရာတွေ ဖြစ်လာပါတယ်။စာရှည်သွားပြီဖြစ်လို့ ဥပဒေကြောင်းအရ ပို့စ္တစ္ခုကို သီးခြားထပ်ရေးပါအုံးမယ်။ ဥပဒေကြောင်းအရ ကူညီသင့်တာ လုပ်သင့်တာကို ဆက်လက်လုပ်ဆောင်သွားရပါအုံးမယ်။)

Facebook Comments