October 20, 2020

လူနာအမှတ် ၁၄၄ အလုပ်လုပ်ခဲ့တဲ့ စက်ရုံက အလုပ်သမားအချို့ နေအိမ်တွေပြန်ဖို့ ရပ်ရွာက လက်မခံတာတွေရှိနေ

ရန်ကုန် ၊ ဧပြီ ၂၅ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက covid-19ရောဂါပိုးတွေ့ရှိထားတယ်လို့ ထုတ်ပြန်ထားတဲ့ လူနာအမှတ် ၁၄၄ အလုပ်လုပ်ခဲ့တဲ့ စက်ရုံက အလုပ်သမားအချို့ နေအိမ်တွေပြန်ဖို့ ရပ်ရွာက လက်မခံတာတွေရှိနေလို့ Quarantineထားရှိပေးဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဆီကို စာပို့တောင်းဆိုသွားမယ်လို့ သိရပါတယ် ။

ပိုးတွေ့လူနာဟာလက်ရှိအချိန်မှာမြစ်ကြီးနားဆေးရုံမှာ ဆေးကုသမူခံယူထားပေမယ့် သူ့နေရပ်မပြန်ခင်က စကားပြန်အဖြစ်လိုင်သာယာမြို့နယ်ရှိ အလုပ်သမားပေါင်း ၉၀၀၀ ကျော်ရှိတဲ့ ဖိနပ်စက်ရုံမှ ဝန်ထမ်းတစ်ဦးဖြစ်တာကြောင့် စက်ရုံဝန်ထမ်းတွေကို Quarantine ထားရှိဖို့ တောင်းဆိုတာဖြစ်တယ်လို့ လိုင်သာယာမြို့နယ် လူသုံးကုန်မြို့နယ်အလုပ်သမားအဖွဲ့အစည်း မြို့နယ်ဥက္ကဌ ဦးမျိုးဇော်က ပြောပါတယ်။

သူက ဘယ်ကကူးလာတယ်ဆိုတာကိုမသိတော့ ဝန်ထမ်းတွေအကုန်ကို Quarantineထားစေချင်တယ် သည်ကနေ့ အလုပ်လာဆင်းသူအချို့ကို ရပ်ရွာတွေက လက်မခံဘူးပြောနေသလို လှိုင်သာယာကအချို့အဆောင်တွေကလဲ လက်မခံဘူးဖြစ်နေတော့ သူတို့တွေအခက်အခဲ ဖြစ်နေကြတယ် ဒါကြောင့်တောင်းဆိုတာပါလို့ ပြောပါတယ် ။

သည်ဖိနပ်စက်ရုံဟာ သည်ကနေ့စဖွင့်တာဖြစ်လို့ အလုပ်ဆင်းတဲ့အလုပ်သမားဦးရေ ၂၀၀၀ခန့်ရှိနေတယ်လို့ဆိုပါတယ် ။ သည်လိုအခြေနေတွေကြောင့် သည်ကနေ့နေ့လည်မှာစက်ရုံကိုယာယီပိတ်ထားတယ်လို့ ဆိုပြီး အလုပ်သမားအဖွဲ့အစည်းတွေကတော့ ဝန်ထမ်းတွေကို နေထိုင် ရာနေရာတွေမပြန်ကြဖို့ နဲ့သည်အလုပ်သမား၉၀၀၀ကျော်အတွက်နိုင်ငံတော်အစိုးရက နေရာထိုင်ခင်းနဲ့အစားအသောက် တွေစီစဉ်ပေးဖို့တောင်းဆိုထားပါတယ် ။

သည်စက်ရုံဟာ လိုင်သာယာ မြို့နယ်မှာ အကြီးဆုံး စက်ရုံစာရင်းဝင်တဲ့ စက်ရုံတစ်ခုဖြစ်နေတယ်လို့ အလုပ်သမားကူညီရေးအဖွဲ့အစည်းတွေကပြောပါတယ်။ ချန်းရီ ဖိနပ်စက်ရုံပါ။ နေရာတိုင်းမှာ ချန်းရီအလုပ်သမားများတယ်။ အလုပ်သမားတော်တော်များများက အဆောင်မှာနေကြတယ်။ အဆောင်ဆိုတာ စက်ရုံပေါင်းစုံကစုနေတာဖြစ်တယ်။ အလုပ်သမားတစ်ယောက်ကူးလာပြီဆိုတော့ ခုဘယ်သူဆီမွာ ရွိမလဲ မသိနိုင်ဘူး။ ဒါကြောင့်စက်ရုံအလုပ်သမားတွေကို ကွာရန်တင်းထားရမယ်။ မဟုတ်ရင် ဒီထက်ဆိုး တဲ့အခြေအနေဖြစ်လာနိုင်တယ်။ လို့ကိုမျိုးဇော်က ပြောပါတယ်။

လှိုင်သာယာစက်ရုံမှာ Case-144 လူနာ စကားပြန်နဲ့ အဓိကထိတွေ့ခဲ့သူတွေကို စီစစ်နေပြီး Quarantine သို့ အျမန်ဆုံး ပို့ဆောင်သွားဖို့စီစဉ်နေတယ်လို့ လှိုင်သာယာမြို့နယ် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် ၁ ဦးဝင်းမောင်က ပြောပါတယ်။ Case-144(လှိုင်သာယာမှာစက်ရုံတွင်အလုပ်ဆင်းခဲ့သော စကားပြန်) နှင့်အဓိကထိတွေ့ခဲ့သူများကို စိစစ်နေပါပြီ Quarantine သို့ အျမန်ဆုံး ပို့ဆောင်သွားရန်စီစဉ်နေပါသည်။ လို့ ပြောပါတယ်။

Facebook Comments