October 20, 2020

မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)နှင့် အလှူရှင်များမှ ပဲခူးတိုင်းဒေသကြီး သဘင်အဖွဲ့ဝင်များအား ဆန်နှင့်စားသောကုန် ၅ မျိုး ထောက်ပံ့လှူဒါန်း

မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)နှင့် အလှူရှင်များမှ ပဲခူးတိုင်းဒေသကြီး သဘင်အဖွဲ့ဝင်များအား ဆန်နှင့်စားသောကုန် ၅ မျိုး ထောက်ပံ့လှူဒါန်း


မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)၏ ကြီးကြပ်ဦးဆောင်မှု တိုင်း၊ မြို့နယ် သဘင်အစည်းအရုံး၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်အတွင်းရှိ (၂၀၁၉-၂၀၂၀) စာချုပ်ချုပ်ဆိုထားသော သဘင်အဖွဲ့အစည်းအရုံးအဖွဲ့ဝင် အနုပညာရှင် ၁ဝဝ၀ ကျော်တို့အား ၂၈-၄-၂၀၂၀ နေ့မှစ၍ ၎င်းတို့နေထိုင်ရာ ခရိုင်၊ မြို့နယ်ဒေသများသို့ ကားများဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းကြောင်း သတင်းရရှိပါသည်။

အဆိုပါ ထောက်ပံ့လှူဒါန်းရေးခရီးစဉ်သို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ဒုတိယဥက္ကဋ္ဌ ရွာစားကြီး ပဲခူးစိန်မြအောင် ဗဟိုစာရင်းစစ် ဦးမြစည်သူ (မြစည်သူ-ဆိုင်း) ဗဟို စည်းရုံးရေးမှူး ဦးစိုးလှိုင်ထွန်းတို့နှင့်အတူ ပဲခူးတိုင်း သဘင်ဥက္ကဋ္ဌ ဦးစိန်သန်းနွယ်နှင့် အဖွဲ့ဝင်များ၊ ပဲခူးမြို့နယ် သဘင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါဆောင်ရွက်ကြပါသည်။

ထောက်ပံ့လှူဒါန်းမှုနှင့်ပတ်သက်၍ သဘင်(ဗဟို)ဒုတိယဥက္ကဋ္ဌ ဦးစိန်မြအောင်မှ ပြောပြရာတွင် “ဒီရာသီက ကျွန်တော်တို့ သဘင်သမားတွေ၊ ဆိုင်းသမားတွေ၊ အငြိမ့်တွေ၊ အဆိုတော်တွေရဲ့ ရာသီလို့ သတ်မှတ်ထားကြပါတယ်။ ဘုရားပွဲတွေ၊ အလှူပွဲတွေ၊ အခြားပွဲတွေမှာ ကကြတီးကြဆိုကြတဲ့ ပွင့်လင်းရာသီပါ။ အနုပညာရှင်တွေ လှေဦးစိုတဲ့အချိန်လို့ ပြောရမှာပါ။ ဒီနှစ်၊ ဒီအချိန်မှာ အခုဖြစ်နေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ကျွန်တော်တို့ အနုပညာရှင်အားလုံး ပွဲခွင်တွေပျက်တော့ ဝင်ငွေမရကြဘူးလေ။ အနုပညာရှင်အားလုံး စားဝတ်နေရေး အခက်ကြုံနေရတာမို့ အခုလို လှူဒါန်းရခြင်းဖြစ်ပါတယ်”ဟု ဦးစိန်မြအောင်က ရှင်းပြသည်။

အခုလို သဘင်ပညာသည် လှူဒါန်းနိုင်ရေးအတွက် ဓမ္မဒူတ ဆရာတော်ဒေါက်တာအရှင်ဆေကိန္ဒမှ ကျပ်သိန်း ၁၀၀၊ CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ CB. K. M.A ဖောင်ဒေးရှင်းမှ ကျပ်သိန်းပေါင်း ၁၅၀၀ ကျပ်သိန်းနှင့် ကျန်လိုအပ်သည့် ငွေကြေးများကို သဘင်(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ် (ဇာတ်မင်းသားဖိုးချစ်)မှ စိုက်ထုတ်လှူဒါန်းထောက်ပံ့သွားမည်ဟု သဘင်အစည်းအရုံးအဖွဲ့ဝင် တဦးလျှင် ဆန် ၅ ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ကြက်သွန် ၅၀ သားနှင့် ငရုတ်သီး ၅၀ သားတို့ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မိုးမြင့်လွင်

မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)နှင့် အလှူရှင်များမှ ပဲခူးတိုင်းဒေသကြီး သဘင်အဖွဲ့ဝင်များအား ဆန်နှင့်စားသောကုန် ၅ မျိုး ထောက်ပံ့လှူဒါန်း


မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)၏ ကြီးကြပ်ဦးဆောင်မှု တိုင်း၊ မြို့နယ် သဘင်အစည်းအရုံး၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်အတွင်းရှိ (၂၀၁၉-၂၀၂၀) စာချုပ်ချုပ်ဆိုထားသော သဘင်အဖွဲ့အစည်းအရုံးအဖွဲ့ဝင် အနုပညာရှင် ၁ဝ၀၀ ကျော်တို့အား ၂၈-၄-၂၀၂၀ နေ့မှစ၍ ၎င်းတို့နေထိုင်ရာ ခရိုင်၊ မြို့နယ်ဒေသများသို့ ကားများဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းကြောင်း သတင်းရရှိပါသည်။

အဆိုပါ ထောက်ပံ့လှူဒါန်းရေးခရီးစဉ်သို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ဒုတိယဥက္ကဋ္ဌ ရွာစားကြီး ပဲခူးစိန်မြအောင် ဗဟိုစာရင်းစစ် ဦးမြစည်သူ (မြစည်သူ-ဆိုင်း) ဗဟို စည်းရုံးရေးမှူး ဦးစိုးလှိုင်ထွန်းတို့နှင့်အတူ ပဲခူးတိုင်း သဘင်ဥက္ကဋ္ဌ ဦးစိန်သန်းနွယ်နှင့် အဖွဲ့ဝင်များ၊ ပဲခူးမြို့နယ် သဘင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါဆောင်ရွက်ကြပါသည်။

ထောက်ပံ့လှူဒါန်းမှုနှင့်ပတ်သက်၍ သဘင်(ဗဟို)ဒုတိယဥက္ကဋ္ဌ ဦးစိန်မြအောင်မှ ပြောပြရာတွင် “ဒီရာသီက ကျွန်တော်တို့ သဘင်သမားတွေ၊ ဆိုင်းသမားတွေ၊ အငြိမ့်တွေ၊ အဆိုတော်တွေရဲ့ ရာသီလို့ သတ်မှတ်ထားကြပါတယ်။ ဘုရားပွဲတွေ၊ အလှူပွဲတွေ၊ အခြားပွဲတွေမှာ ကကြတီးကြဆိုကြတဲ့ ပွင့်လင်းရာသီပါ။ အနုပညာရှင်တွေ လှေဦးစိုတဲ့အချိန်လို့ ပြောရမှာပါ။ ဒီနှစ်၊ ဒီအချိန်မှာ အခုဖြစ်နေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ကျွန်တော်တို့ အနုပညာရှင်အားလုံး ပွဲခွင်တွေပျက်တော့ ၀င်ငွေမရကြဘူးလေ။ အနုပညာရှင်အားလုံး စားဝတ်နေရေး အခက်ကြုံနေရတာမို့ အခုလို လှူဒါန်းရခြင်းဖြစ်ပါတယ်”ဟု ဦးစိန်မြအောင်က ရှင်းပြသည်။

အခုလို သဘင်ပညာသည် လှူဒါန်းနိုင်ရေးအတွက် ဓမ္မဒူတ ဆရာတော်ဒေါက်တာအရှင်ဆေကိန္ဒမှ ကျပ်သိန်း ၁၀၀၊ CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ CB. K. M.A ဖောင်ဒေးရှင်းမှ ကျပ်သိန်းပေါင်း ၁၅၀၀ ကျပ်သိန်းနှင့် ကျန်လိုအပ်သည့် ငွေကြေးများကို သဘင်(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ် (ဇာတ်မင်းသားဖိုးချစ်)မှ စိုက်ထုတ်လှူဒါန်းထောက်ပံ့သွားမည်ဟု သဘင်အစည်းအရုံးအဖွဲ့ဝင် တဦးလျှင် ဆန် ၅ ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ကြက်သွန် ၅၀ သားနှင့် ငရုတ်သီး ၅၀ သားတို့ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မိုးမြင့်လွင်

Facebook Comments