October 20, 2020

COVID-19 ကြောင့် ပြန်ရန် အခက်အခဲကြုံတွေ့နေတဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသား (၉၆) ဦးကို ပြန်လည်ပို့ဆောင်

COVID-19 ကြောင့် ပြန်ရန် အခက်အခဲကြုံတွေ့နေတဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသား (၉၆) ဦးကို ပြန်လည်ပို့ဆောင်

COVID-19 ရောဂါကူးစက်ပြန့်ပွားနေတဲ့ ကာလမွာ ကိုရီးယားနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး မျဖစ္မေန အပြီးပြန်လည်ထွက်ခွာရမယ့် မြန်မာနိုင်ငံသားများကို ဆိုးလ်မြို့၊ မြန်မာသံရုံးက ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ကိုရီးယားနိုင်ငံမှာ ပိတ်မိနေတဲ့ သင်္ဘောများ၊ ကျန်းမာရေးမကောင်းသူများ၊ အလုပ်စာချုပ်ပြည့်မြောက်ပြီး နေထိုင်ခွင့် သက်တမ်းကုန်ဆုံးနေသူများ၊ တရားမဝင် နေထိုင်ခဲ့ပြီး မျဖစ္မေန ပြန်လည်ထွက်ခွာရန် လိုအပ်နေသူများကို ဦးစားပေးခဲ့ကြောင်း သိရပါတယ်။

ဧပြီ (၃၀) ရက်နေ့မှာ ပထမအကြိမ်အဖြစ် ဆရာတော် (၁) ပါး၊ သင်္ဘောသား (၃၅)ဦး၊ ကျောင်းသူ (၂) ဦး နဲ့ EOS လုပ်သား (၅၈)ဦး စုစုပေါင်း (၉၆) ဦးကို တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ MAI နဲ့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

Facebook Comments