November 25, 2020

ယနေ့ ဓာတ်ခွဲနမူနာများရောဂါပိုးမတွေ့ ၊ လူနာ (၁၅၀)အနက် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၂၈) ဦး ဖြစ်လာ

ယနေ့ ဓာတ်ခွဲနမူနာများရောဂါပိုးမတွေ့ ၊
လူနာ (၁၅၀)အနက် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၂၈) ဦး ဖြစ်လာ
…. ….. …… …… …… …..

ဆေးသုတေသနဦးစီးဌာန (DMR) မှ စစ်ဆေးပြီးစီးခဲ့သော စောင့်ကြည့်လူနာ (၂၉) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနက ယနေ့(ဧပြီ ၃၀)ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၅၀) ဦးရှိနေပြီး ၎င်းတို့အနက် သေဆုံးသူ(၆) ဦး ရှိနေသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများ၌ (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁) ဦး (Case -22) ထပ်တိုးလာခဲ့ပြီး ရောဂါပိုးကင်းစင်လာသူ (၁) ဦး (Case -1) ကိုလည်း ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့ကြောင့်ယနေ့အထိ ဓာတ်ခွဲနမူနာများ၌ (၂) ကြိမ် ဆက် တိုက် ပိုးကင်းစင်လာသူစုစုပေါင်း (၂၈) ဦးရှိနေပြီ ဖြစ်ပြီး ၎င်းတို့အနက် ဆေးရုံမှဆင်းခွင့်ရရှိသူ စုစုပေါင်း (၁၇) ဦး ရှိပြီဖြစ်ကာ၎င်းတို့ အား နေအိမ်တွင် အသွားအလာ ဆက် လက်ကန့်သတ် ထားရှိကြောင်း သိရသည်။

Ref;ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန

Facebook Comments