November 25, 2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီ

၁။ (၁-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မွ ဓာတ္ခြဲနမူနာ (၂၀၈) ခုကို စစ်ဆေးပြီးစီးခဲ့ရာ –

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦး တွေ့ရှိခဲ့ပါသည်။

၂။ သို့ဖြစ်ပါ၍ (၁-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၁) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) အနေဖြင့် ထိုသို့ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားရှိသူများ၏ ဓာတ်ခွဲနမူနာများအပြင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) မ်ား၏ ဓာတ်ခွဲနမူနာများအားလည်း ရယူကာ ပိုးကင်းစင်လာမှု အခြေအနေအား စစ်ဆေးလျက်ရှိပါသည်။

Facebook Comments