November 24, 2020

တရားဟောဆရာ ဒေးဗစ်လား အပါအဝင် လေးဦးကိုအမှုဖွင့်ထားပေမယ့်တရားစွဲတာတွေမလုပ်ရသေး

ရန်ကုန် မေ ၅ ။ ။ တရားဟောဆရာ ဒေးဗစ်လား အပါအဝင် လေးဦးကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က အမှုဖွင့်ထားပေမယ့် လက်ရှိအချိန်မှာ လူနာအနေနဲ့သာသတ်မှတ်ထားလို့ တရားစွဲတာတွေမလုပ်ရသေးဘူးလို့ ရန်ကုန်တိုင်းလူဝင်မူကြီးကြပ်ရေးနဲ့လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

သူက ”ဥပဒေနဲ့အညီတရားစွဲထားတာ အားလုံးသိပီးသား အိမ်မှာ home stay နေထိုင်သူအားလုံးဟာလူနာပဲ ဖြစ်နေပါသေးတယ် home stayနေနေရဦးမှာပါ ကျန်တာကတော့ ပြီးမှဆက်လုပ်မှာပါ ”လို့ပြောပါတယ်။

ရောဂါဖြစ်ပွားစေနိုင်တဲ့လူစုလူဝေးဆောင်ရွကခဲ့တဲ့အတွက် တရားဟောဆရာဒေးဗစ်လား၊ သင်းအုပ်ဆရာ၊ အမှုတော်ဆောင်နဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့ကို အင်းစိန်မြို့မရဲစခန်းနဲ့ မရမ်းကုန်မြို့မရဲ့စခန်းတွေမှာ သီးခြားစီအမှုဖွင့်ခံထားရတာဖြစ်ပါတယ်။

ပိုးတွေ့ရှိခဲ့လို့ ရန်ကုန်ဝေဘာဂီဆေးရုံမှာ ဆေးကုသမူခံယူခဲ့ပြီးလက်ရှိအချိန်မှာတော့ နေအိမ်မှာ စောင့်ကြည့်ခံတဲ့ အနေအထားနဲ့နေထိုင်နေရတာဖြစ်ပါတယ်။ covid-19ရောဂါထိန်သိမ်းရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဧပြီ၁၄ရက်နေ့က ကြေညာထားတာဖြစ်ပါတယ်။

သဘာဝအေန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅အရ ၃နှစ်အောက်ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်ကိုပါ ချမှတ်နိုင်တယ်လို့ ပါရှိပါတယ် ။

အေးအေးအောင်

Facebook Comments