November 25, 2020

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကြားမှ ဖွင့်လှစ်ထားသော ငါးဂိမ်းရုံအတွင်း လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးရမိ

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကြားမှ ဖွင့်လှစ်ထားသော ငါးဂိမ်းရုံအတွင်း လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးရမိ


ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် COVID-19 အရေးပေါ်ကာလ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း မြဝတီမြို့ (၄)ရပ်ကွက်၊ အမှတ်(၂) ချစ်ကြည်ရေးလမ်းရှိ ငါးဂိမ်းလောင်း ကစားရုံတွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် လောင်းကစားပြုလုပ်သူများနှင့်အတူ ငါးဂိမ်းလောင်းကစားစက် ၆ လုံးကို ဖမ်းဆီးရမိခဲ့သည်။

သတင်းအရ အမှတ်(၂) ချစ်ကြည်ရေးလမ်း အရှေ့ဘက်ခြမ်း၊ ခြံကွက်တစ်ခုအတွင်းရှိ ငါးဂိမ်းလာင်း ကစားရုံသို့ မေလ ၆ ရက်၊ နံနက် နှစ်နာရီခွဲတွင် မြဝတီခရိုင် မှုခင်းနှိမ်နင်းရေးမှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံနယ်ထိန်း၊ သက်ဆိုင်ရာရပ်ကွက် တာဝန်ရှိသူများပူးပေါင်း၍ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ဝင်ရောက်ရှာဖွေရှာတွင် လောင်းကစားပြုလုပ်သူ (၁၁)ဦးနှင့်အတူ ငါးမန်းလောင်းကစားဂိမ်းစက်(၆)လုံးနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေဖမ်းဆီးနိုင်ခဲ့သော်လည်း လောင်းကစားရုံ မန်နေဂျာ ကိုစိုင်းဆိုသူမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လောင်းကစားပြုလုပ်သူ(၁၁)ဦးနှင့် ထွက်ပြေးတိမ်းရှောင်နေသူ မန် နေဂျာတို့ကို မြဝတီမြို့ရဲစခန်းတွင် (ပ)၃၇၁/၂၀၂၀ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် COVID-19 အရေးပေါ်ကာလ ည ၁၀ နာရီမွ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ထုတ်ပြန်မိန့်အား လိုက္နာမွုရွိမရွိ သိနိုင်ရန် ရဲတပ်ဖွဲ့ဝင်များနှင့် ပူပေါင်းအဖွဲ့က ညစဉ် လှည့်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်စဉ် မေလ ၅ ရက်အထိ ညမထွက်ရအမိန့်မလိုက်နာသူ ၃၀၀ ကျော်ကို ဖမ်းဆီးအရေးယူထားသည်။

နေနော်(မြဝတီ)

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကြားမှ ဖွင့်လှစ်ထားသော ငါးဂိမ်းရုံအတွင်း လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးရမိ


ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် COVID-19 အရေးပေါ်ကာလ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း မြဝတီမြို့ (၄)ရပ်ကွက်၊ အမှတ်(၂) ချစ်ကြည်ရေးလမ်းရှိ ငါးဂိမ်းလောင်း ကစားရုံတွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် လောင်းကစားပြုလုပ်သူများနှင့်အတူ ငါးဂိမ်းလောင်းကစားစက် ၆ လုံးကို ဖမ်းဆီးရမိခဲ့သည်။

သတင်းအရ အမှတ်(၂) ချစ်ကြည်ရေးလမ်း အရှေ့ဘက်ခြမ်း၊ ခြံကွက်တစ်ခုအတွင်းရှိ ငါးဂိမ်းလာင်း ကစားရုံသို့ မေလ ၆ ရက်၊ နံနက် နှစ်နာရီခွဲတွင် မြဝတီခရိုင် မှုခင်းနှိမ်နင်းရေးမှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံနယ်ထိန်း၊ သက်ဆိုင်ရာရပ်ကွက် တာဝန်ရှိသူများပူးပေါင်း၍ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ၀င်ရောက်ရှာဖွေရှာတွင် လောင်းကစားပြုလုပ်သူ (၁၁)ဦးနှင့်အတူ ငါးမန်းလောင်းကစားဂိမ်းစက်(၆)လုံးနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေဖမ်းဆီးနိုင်ခဲ့သော်လည်း လောင်းကစားရုံ မန်နေဂျာ ကိုစိုင်းဆိုသူမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လောင်းကစားပြုလုပ်သူ(၁၁)ဦးနှင့် ထွက်ပြေးတိမ်းရှောင်နေသူ မန် နေဂျာတို့ကို မြဝတီမြို့ရဲစခန်းတွင် (ပ)၃၇၁/၂၀၂၀ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် COVID-19 အရေးပေါ်ကာလ ည ၁၀ နာရီမွ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ထုတ်ပြန်မိန့်အား လိုက်နာမှုရှိမရှိ သိနိုင်ရန် ရဲတပ်ဖွဲ့ဝင်များနှင့် ပူပေါင်းအဖွဲ့က ညစဉ် လှည့်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်စဉ် မေလ ၅ ရက်အထိ ညမထွက်ရအမိန့်မလိုက်နာသူ ၃၀၀ ကျော်ကို ဖမ်းဆီးအရေးယူထားသည်။

နေနော်(မြဝတီ)

Facebook Comments