November 25, 2020

တန်ဇန်နီးယားတွင် ဆိတ်နှင့် သင်္ဘောသီးတို့ထံမှ နမူနာများတွင် ကိုရိုနာပေါ့စတစ် တွေ့ရှိခြင်းကြောင့် သမ္မတ ပဟေဠိဖြစ်နေ

တန်ဇန်နီးယားတွင် ဆိတ်နှင့် သင်္ဘောသီးတို့ထံမှ နမူနာများတွင် ကိုရိုနာပေါ့စတစ် တွေ့ရှိခြင်းကြောင့် သမ္မတ ပဟေဠိဖြစ်နေ

တန်ဇန်နီးယား၊ မေ ၆

တန်ဇန်နီးယားနိုင်ငံတွင် ဆိတ်နှင့် သင်္ဘောသီးမှ ဓာတ်ခွဲခန်းနမူနာများယူ၍ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရာ ပေါ့စတစ်ဟု အဖြေထွက်ခြင်းမှာ ပြည်ပမှတင်သွင်းသော ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးသည့် Test Kit များ၏ အပြစ်မဟုတ်ပဲ စစ်ဆေးသည့် နည်းပညာဆိုင်ရာ မှားယွင်းမှုကြောင့်သာဖြစ်နိုင်ကြောင်း တန်ဇန်နီးယား သမ္မတ ဂျွန် မာဂူဖူလီ(John Magufuli)က ပြောကြားသည်။

တန်ဇန်နီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကိုင်တွယ်စီမံခြင်းနှင့်ပတ်သက်၍ မာဖူဂူလီအစိုးရအား ဝေဖန်မှုများရှိခဲ့ရာတွင် ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်မှ ကင်းဝေးစေရေးအတွက် ဆုမွန်ကောင်းများတောင်းကြရန် သမ္မတ မှာကြားပြီး၊ စစ်ဆေးသည့် Test Kit များ၏ အရည်အသွေး စစ်ဆေးရန်ကိုလည်း လုံခြုံရေးတပ်ဖွဲ့များအား ညွှန်ကြားခဲ့သည်။

ဤတွင် လူသားမဟုတ်သော ဓာတ်ခွဲနမူနာများကို လူအမည်နှင့် အသက်များ တပ်ပေး၍ စမ်းသပ်ခြင်းပြုခဲ့ရာ သင်္ဘောသီးတစ်လုံးမှ နမူနာနှင့်အတူ သိုးတစ်ကောင်နှင့် ဆိတ်တစ်ကောင်ဆီတို့မှ နမူနာတို့ကိုပါ ပေးပို့စမ်းသပ်စေခဲ့ရာ သဘောင်္သီးနှင့် ဆိတ်တို့၏ နမူနာများမှ ပေါ့စတစ်အဖြေထွက်လာခြင်းဖြစ်ကြောင်း သမ္မတ မာဂူဖူလီကပြောကြားသည်။

”ဒါဟာ တစ်ခုခုဖြစ်နေပြီဆိုတာပါပဲ။ အဲဒီ Test Kits တွေကိုလဲ သေသေချာချာစုံစမ်းစစ်ဆေးရမှာပါ”ဟုလည်း သမ္မတကပြောကြားသည်။

မာဂူဖူလီသည် မဒဂါစကာ သမ္မတပြောကြားသော ကိုရိုနာဗိုင်းရပ်စ် တိုင်းရင်းဆေးကုထုံးကိုလည်း ပြီးခဲ့သည့် စနေနေ့က အမွှမ်းတင်ပြောဆိုခဲ့သေးသည်။

”မဒဂါစကာ သမ္မတဆီကို ကျွန်တော် စာရေးပြီးပါပြီ။ သူ့ဆီက တိုင်းရင်းဆေးတွေကိုလဲ လေယာဉ်နဲ့ အမြန်ဆုံးပို့လာပါလိမ့်မယ်။ အဲဒီဆေးဝါးတွေဟာ တန်ဇန်နီးယားပြည်သူတွေကို အကျိုးရှိစေမှာပါ”ဟုလည်း သူကပြောကြားခဲ့သေးသည်။

အဆိုပါ ကုထုံးကို ”COVID ORGANICS”ဟု ခေါ်ဝေါ်ကြောင်း၊ မဒဂါစကာနိုင်ငံ “Malagasy Institute for Applied Research”မှ ဖော်စပ်ခြင်းဖြစ်ပြီး၊ အိန္ဒိယသမုဒ္ဒရာတွင်းရှိ မဒဂါစကာနိုင်ငံပိုင် ကျွန်းတစ်ခုပေါ်မှ Artemisia ဟူသည့် ဆေးဖက်ဝင် အပင်တစ်မျိုးဖြင့် ဖော်စပ်ထားခြင်းဖြစ်ကြောင်း၊ မဒဂါစကာတွင် ကျောင်းပြန်တက်နေကြသော ကျောင်းသားငယ်တို့ ယင်းဆေးကို သောက်ပြီးဖြစ်ကြောင်း မဒဂါစကာသမ္မတ အန်ဒရီ ရာဂျိုလီနာ(Andry Rajoelina)က ပြောကြားခဲ့သည်။

Source: Aljazeera, News Sky
Ref:

1/ Tanzania president questions coronavirus kits after animal test: President Magufuli says tests were found to be faulty after goat, sheep and pawpaw samples test positive for COVID-19.
2/ Tanzania testing kits questioned after goat and papaya test positive: The president admits there may be “technical errors” , having previously suggested people could pray the disease away.

(Zawgyi)

တန်ဇန်နီးယားတွင် ဆိတ်နှင့် သင်္ဘောသီးတို့ထံမှ နမူနာများတွင် ကိုရိုနာပေါ့စတစ် တွေ့ရှိခြင်းကြောင့် သမ္မတ ပဟေဠိဖြစ်နေ

တန်ဇန်နီးယား၊ မေ ၆

တန်ဇန်နီးယားနိုင်ငံတွင် ဆိတ်နှင့် သင်္ဘောသီးမှ ဓာတ်ခွဲခန်းနမူနာများယူ၍ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရာ ပေါ့စတစ်ဟု အဖြေထွက်ခြင်းမှာ ပြည်ပမှတင်သွင်းသော ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးသည့် Test Kit များ၏ အပြစ်မဟုတ်ပဲ စစ်ဆေးသည့် နည်းပညာဆိုင်ရာ မှားယွင်းမှုကြောင့်သာဖြစ်နိုင်ကြောင်း တန်ဇန်နီးယား သမ္မတ ဂျွန် မာဂူဖူလီ(John Magufuli)က ပြောကြားသည်။

တန်ဇန်နီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကိုင်တွယ်စီမံခြင်းနှင့်ပတ်သက်၍ မာဖူဂူလီအစိုးရအား ဝေဖန်မှုများရှိခဲ့ရာတွင် ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်မှ ကင်းဝေးစေရေးအတွက် ဆုမွန်ကောင်းများတောင်းကြရန် သမ္မတ မှာကြားပြီး၊ စစ်ဆေးသည့် Test Kit များ၏ အရည်အသွေး စစ်ဆေးရန်ကိုလည်း လုံခြုံရေးတပ်ဖွဲ့များအား ညွှန်ကြားခဲ့သည်။

ဤတွင် လူသားမဟုတ်သော ဓာတ်ခွဲနမူနာများကို လူအမည်နှင့် အသက်များ တပ်ပေး၍ စမ်းသပ်ခြင်းပြုခဲ့ရာ သင်္ဘောသီးတစ်လုံးမှ နမူနာနှင့်အတူ သိုးတစ်ကောင်နှင့် ဆိတ်တစ်ကောင်ဆီတို့မှ နမူနာတို့ကိုပါ ပေးပို့စမ်းသပ်စေခဲ့ရာ သဘောင်္သီးနှင့် ဆိတ်တို့၏ နမူနာများမှ ပေါ့စတစ်အဖြေထွက်လာခြင်းဖြစ်ကြောင်း သမ္မတ မာဂူဖူလီကပြောကြားသည်။

”ဒါဟာ တစ်ခုခုဖြစ်နေပြီဆိုတာပါပဲ။ အဲဒီ Test Kits တွေကိုလဲ သေသေချာချာစုံစမ်းစစ်ဆေးရမှာပါ”ဟုလည်း သမ္မတကပြောကြားသည်။

မာဂူဖူလီသည် မဒဂါစကာ သမ္မတပြောကြားသော ကိုရိုနာဗိုင်းရပ်စ် တိုင်းရင်းဆေးကုထုံးကိုလည်း ပြီးခဲ့သည့် စနေနေ့က အမွှမ်းတင်ပြောဆိုခဲ့သေးသည်။

”မဒဂါစကာ သမ္မတဆီကို ကျွန်တော် စာရေးပြီးပါပြီ။ သူ့ဆီက တိုင်းရင်းဆေးတွေကိုလဲ လေယာဉ်နဲ့ အမြန်ဆုံးပို့လာပါလိမ့်မယ်။ အဲဒီဆေးဝါးတွေဟာ တန်ဇန်နီးယားပြည်သူတွေကို အကျိုးရှိစေမှာပါ”ဟုလည်း သူကပြောကြားခဲ့သေးသည်။

အဆိုပါ ကုထုံးကို ”COVID ORGANICS”ဟု ခေါ်ဝေါ်ကြောင်း၊ မဒဂါစကာနိုင်ငံ “Malagasy Institute for Applied Research”မှ ဖော်စပ်ခြင်းဖြစ်ပြီး၊ အိန္ဒိယသမုဒ္ဒရာတွင်းရှိ မဒဂါစကာနိုင်ငံပိုင် ကျွန်းတစ်ခုပေါ်မှ Artemisia ဟူသည့် ဆေးဖက်ဝင် အပင်တစ်မျိုးဖြင့် ဖော်စပ်ထားခြင်းဖြစ်ကြောင်း၊ မဒဂါစကာတွင် ကျောင်းပြန်တက်နေကြသော ကျောင်းသားငယ်တို့ ယင်းဆေးကို သောက်ပြီးဖြစ်ကြောင်း မဒဂါစကာသမ္မတ အန်ဒရီ ရာဂျိုလီနာ(Andry Rajoelina)က ပြောကြားခဲ့သည်။

Source: Aljazeera, News Sky
Ref:

1/ Tanzania president questions coronavirus kits after animal test: President Magufuli says tests were found to be faulty after goat, sheep and pawpaw samples test positive for COVID-19.
2/ Tanzania testing kits questioned after goat and papaya test positive: The president admits there may be “technical errors” , having previously suggested people could pray the disease away.

Facebook Comments