November 25, 2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၆-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

၁။ (၆-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ (ပထမအသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ္ခြဲနမူနာ (၉၄) ခု၊ ဆေးသုတေသနဦးစီးဌာန မွ စစ်ဆေးပြီးစီး ခဲ့သော ဓာတ္ခြဲနမူနာ (၁၇၂) ခုနှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) နေပြည်တော်မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ္ခြဲနမူနာ (၅၆) ခု၊ စုစုပေါင်း (၃၂၂) ခုတွင် –

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

၂။ (၆-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၆၁) ဦးရှိပြီ ဖြစ်ပါသည်။

၃။ ထိုသို့စစ်ဆေးမှုများတွင် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (Case 96) တွင် (၂) ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိသဖြင့် (၆-၅-၂၀၂၀) ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) မ်ား၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၅၀) ဦးရှိပြီ ဖြစ်ပါသည်။

၎။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၅-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမွ (၆-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၈၁)ဦး ရှိပါသည်။

Facebook Comments