October 20, 2020

မြန်မာပြည်သူတွေအတွက် Social Distancing မှာ အခက်ခဲဆုံးကိစ္စလို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို

မြန်မာပြည်သူတွေအတွက် Social Distancing မှာ အခက်ခဲဆုံးကိစ္စလို့ ဒေါ်အောင်ဆန်းစုကြည်ပြောဆို

့မြန်မာပြည်သူပြည်သားတွေအတွက် တစ်ဦးနဲ့တစ်ဦး အနည်းဆုံး (၆) ပေခန့် အကွာနေရမယ့် Social Distancing မှာ အခက်ခဲဆုံးကိစ္စရပ်ပဲလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားခဲ့ပါတယ်။

မေလ (၅) ရက်နေ့က ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ တနင်္သာရီဝန်ကြီးချုပ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ်တို့နဲ့ COVID-19 ဆိုင်ရာ အပြန်အလှန် ဆွေးနွေးခြင်း အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က Social Distancing နဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုသွားခဲ့တာပါ။

“Social Distancing ဆိုတာ လက်တွေ့ကျကျကို လွယ်လွယ်လုပ်လို့ မရဘူး။ တချို့အိမ်အခန်းလေးတွေက (၆) ပေလောက်ပဲရှိတာ။ ဘယ်လိုလုပ် တစ်ယောက်နဲ့တစ်ယောက် (၆) ပေကွာကွာနေနိုင်မှာလဲ။ မိသားစုလေး ယောက်လောက် ရှိရင်တောင်မှ မလွယ်တော့ဘူး။ အဲဒီလိုပြဿနာတွေကလည်း ရှိလာတာပေါ့”လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားခဲ့တာပါ။

Facebook Comments