October 20, 2020

ARSA အကြမ်းဖက်အဖွဲ့က သိုဝှက် ထားသော ရိက္ခာများ တပ်မတော် သိမ်းဆည်းရမိ

ARSA အကြမ်းဖက်အဖွဲ့က သိုဝှက် ထားသော ရိက္ခာများ တပ်မတော် သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၇

ARSA အကြမ်းဖက်အဖွဲ့က သိုဝှက် ထားသော ရိက္ခာများကို မောင်တောမြို့နယ်အတွင်းတွင် တပ်မတော်မှ သိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

မေလ ၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင်အမှတ်၊ဘီပီ ၄၀ နှင့် ၄၁ ကြား မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့် အကွာနေရာသို့အရောက်၌ ချုံပုတ်တစ်ခုအတွင်းမှ မိုးကာစအမည်းရောင်ဖြင့် ဖုံးအုပ်ထားသော ဆာလာအိတ် ၁၆ လုံးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ (WFP) တံဆိပ်ပါ ပဲနီလေး ၄၈ ထုပ်( ၄ ဒသမ ၆ ကီလိုဂရမ်)၊ (WFP) တံဆိပ်ပါဆီ ၂ လီတာ ဆံ့ ၁၀ ဘူးနှင့် ၃ လီတာဆံ့ ၁၂ ဘူး၊ ဆားတစ်အိတ်လျှင် ၃ ပိဿာခန့်ပါ ၂ အိတ်၊ နနွင်းမှုန့် တစ်ထုပ်လျှင် ၁ ပိဿာခန့်ပါ ၅၅ ထုပ်၊ အရောင်တင်မှုန့်တစ်ထုပ်လျှင် ၂ ပိဿာခန့်ပါ ၁၉ ထုပ်၊ ခြင်ဆေးခွေ ၁၈၂ ဘူးတို့ကို တွေ့ရှိသိမ်းဆည်းရမိကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဧပြီ ၈ ရက်နေ့ကလည်း ခမောင်းဆိပ်ကျေးရွာ၏အနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာရှိ တဲနှစ်လုံး အတွင်းမှ ARSAအစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများ သိုဝှက်ထားသောပစ္စည်းများကိုသိမ်းဆည်းရမိခဲ့သေးကြောင်း သိရသည်။

ARSA အကြမ်းဖက်အဖွဲ့သည် စစ်ဘေးရှောင် စခန်းများသို့ NGO/INGO အဖွဲ့များနှင့် အလှူရှင်များက ထောက်ပံ့လှူဒါန်းထားသည့် ပစ္စည်းများအား နည်းလမ်းမျိုးစုံဖြင့် ရယူသုံးစွဲနေခြင်းဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Source: CINCDS

(Zawgyi)

ARSA အကြမ်းဖက်အဖွဲ့က သိုဝှက် ထားသော ရိက္ခာများ တပ်မတော် သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၇

ARSA အကြမ်းဖက်အဖွဲ့က သိုဝှက် ထားသော ရိက္ခာများကို မောင်တောမြို့နယ်အတွင်းတွင် တပ်မတော်မှ သိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

မေလ ၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင်အမှတ်၊ဘီပီ ၄၀ နှင့် ၄၁ ကြား မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့် အကွာနေရာသို့အရောက်၌ ချုံပုတ်တစ်ခုအတွင်းမှ မိုးကာစအမည်းရောင်ဖြင့် ဖုံးအုပ်ထားသော ဆာလာအိတ် ၁၆ လုံးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ (WFP) တံဆိပ်ပါ ပဲနီလေး ၄၈ ထုပ်( ၄ ဒသမ ၆ ကီလိုဂရမ်)၊ (WFP) တံဆိပ်ပါဆီ ၂ လီတာ ဆံ့ ၁၀ ဘူးနှင့် ၃ လီတာဆံ့ ၁၂ ဘူး၊ ဆားတစ်အိတ်လျှင် ၃ ပိဿာခန့်ပါ ၂ အိတ်၊ နနွင်းမှုန့် တစ်ထုပ်လျှင် ၁ ပိဿာခန့်ပါ ၅၅ ထုပ်၊ အရောင်တင်မှုန့်တစ်ထုပ်လျှင် ၂ ပိဿာခန့်ပါ ၁၉ ထုပ်၊ ခြင်ဆေးခွေ ၁၈၂ ဘူးတို့ကို တွေ့ရှိသိမ်းဆည်းရမိကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဧပြီ ၈ ရက်နေ့ကလည်း ခမောင်းဆိပ်ကျေးရွာ၏အနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာရှိ တဲနှစ်လုံး အတွင်းမှ ARSAအစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများ သိုဝှက်ထားသောပစ္စည်းများကိုသိမ်းဆည်းရမိခဲ့သေးကြောင်း သိရသည်။

ARSA အကြမ်းဖက်အဖွဲ့သည် စစ်ဘေးရှောင် စခန်းများသို့ NGO/INGO အဖွဲ့များနှင့် အလှူရှင်များက ထောက်ပံ့လှူဒါန်းထားသည့် ပစ္စည်းများအား နည်းလမ်းမျိုးစုံဖြင့် ရယူသုံးစွဲနေခြင်းဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Source: CINCDS

Facebook Comments