October 20, 2020

သမီးအရင်းကိုအကြိမ်ကြိမ်အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်ဖျက်ချစေကာ ထွက်ပြေးတိမ်းရှောင်နေသူကို ဖမ်းမိ

၁၂ နှစ်အရွယ်သမီးအရင်းကို အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေသူဖခင်ကို ဇွန်လ(၁၁)ရက်၊ နေ့လယ်တွင် ဖမ်းဆီးပေးနိုင်ခဲ့ကြောင်း ကော့သောင်းမြို့မရဲစခန်းမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပါရမီ(၂) ရပ်ကွက်၌ နေထိုင်သူ ဇော်လင်း (ခ) ခိုင်ဒူဆော် (၃၈)နှစ်ဆိုသူသည် ၎င်း၏(၁၂)နှစ်ရှိသမီးအရင်းကို ခြိမ်းခြောက်၍အကြိမ်ကြိမ်အဓမ္မပြုကျင့်ကာ ရရှိလာသည့်ကိုယ်ဝန်ကို တိတ်တဆိတ်ဖျက်ချခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ပြုကျင့်ခံရသူ သမီးမှာ ကိုယ်ဝန်ဖျက်ချခံရမှုကြောင့် ဇွန်လ(၄)ရက်၌ ဝေဒနာခံစားရသဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရာမှ ဖခင်ဇော်လင်း၏အကြိမ်ကြိမ်အဓမ္မပြုကျင့်ခံရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းအတွက်ကြောင့် မိခင်ကိုယ်တိုင်တရားလိုပြုလုပ်၍ မြိတ်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ ပြစ်မှုကျူးလွန်သူ ဇော်လင်း(ခ)ခိုင်ဒူဆော်မှာထွက်ပြေးတိမ်းရှောင်နေသဖြင့် စုံစမ်းရှာဖွေခဲ့ရင်း ကော့သောင်းမြို့နယ်တွင် ဇွန်လ(၁၁)ရက်၊ နေ့လယ် (၁) နာရီတွင်ပလုံတုံလုံးကျေးရွာ၌ ဖမ်းဆီးနိုင်ခဲ့ကြောင်း ကော့သောင်းမြို့မရဲတပ်ဖွဲ့ဝင်ထံမှ သိရသည်။

“ဒီနေ့ နေ့လယ်(၁)နာရီမှာ ကျွန်တော်တို့ကော့သောင်းမြို့နယ်၊ ပလုံသုံးလုံးကျေးရွာမှာနယ်ထိန်းနဲ့အဖွဲ့ကနေ ဖမ်းဆီးရမိခဲ့တာပါ။ လက်ရှိမှာလုပ်ငန်းဆောင်တာတွေနဲ့လွှဲပြောင်းဖို့ဆောင်ရွက်နေပြီး ကျွန်တော်တို့စခန်းမှာပဲ ထိန်းသိမ်းထားဆဲပါ။ မကြာခင်မြိတ်မြို့မစခန်းကို လွှဲပေးရမှာပါ” ဟု ကော့သောင်းမြို့မရဲတပ်ဖွဲ့ဝင်တစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးရမိထားသူ ဇော်လင်း(ခ)ခိုင်ဒူဆော်(၃၈)နှစ်မှာ နယ်လှည့်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး တိုင်ကြားချက်ကြောင့် မြိတ်မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ – ၃၇၆ ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။ လက်ရှိတွင်ကော့သောင်းမြို့မရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားပြီး လွှဲပြောင်းရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း သိရသည်။

Photo – Myeik Kaung Soe

Unicode Version

သမီးအရင်းကိုအကြိမ်ကြိမ်အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်ဖျက်ချစေကာ ထွက်ပြေးတိမ်းရှောင်နေသူကို ဖမ်းမိ
———- အကုန်သိသတင်းဌာန ———-

၁၂ နှစ်အရွယ်သမီးအရင်းကို အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေသူဖခင်ကို ဇွန်လ(၁၁)ရက်၊ နေ့လယ်တွင် ဖမ်းဆီးပေးနိုင်ခဲ့ကြောင်း ကော့သောင်းမြို့မရဲစခန်းမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပါရမီ(၂) ရပ်ကွက်၌ နေထိုင်သူ ဇော်လင်း (ခ) ခိုင်ဒူဆော် (၃၈)နှစ်ဆိုသူသည် ၎င်း၏(၁၂)နှစ်ရှိသမီးအရင်းကို ခြိမ်းခြောက်၍အကြိမ်ကြိမ်အဓမ္မပြုကျင့်ကာ ရရှိလာသည့်ကိုယ်ဝန်ကို တိတ်တဆိတ်ဖျက်ချခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ပြုကျင့်ခံရသူ သမီးမှာ ကိုယ်ဝန်ဖျက်ချခံရမှုကြောင့် ဇွန်လ(၄)ရက်၌ ဝေဒနာခံစားရသဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရာမှ ဖခင်ဇော်လင်း၏အကြိမ်ကြိမ်အဓမ္မပြုကျင့်ခံရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းအတွက်ကြောင့် မိခင်ကိုယ်တိုင်တရားလိုပြုလုပ်၍ မြိတ်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ ပြစ်မှုကျူးလွန်သူ ဇော်လင်း(ခ)ခိုင်ဒူဆော်မှာထွက်ပြေးတိမ်းရှောင်နေသဖြင့် စုံစမ်းရှာဖွေခဲ့ရင်း ကော့သောင်းမြို့နယ်တွင် ဇွန်လ(၁၁)ရက်၊ နေ့လယ် (၁) နာရီတွင်ပလုံတုံလုံးကျေးရွာ၌ ဖမ်းဆီးနိုင်ခဲ့ကြောင်း ကော့သောင်းမြို့မရဲတပ်ဖွဲ့ဝင်ထံမှ သိရသည်။

“ဒီနေ့ နေ့လယ်(၁)နာရီမှာ ကျွန်တော်တို့ကော့သောင်းမြို့နယ်၊ ပလုံသုံးလုံးကျေးရွာမှာနယ်ထိန်းနဲ့အဖွဲ့ကနေ ဖမ်းဆီးရမိခဲ့တာပါ။ လက်ရှိမှာလုပ်ငန်းဆောင်တာတွေနဲ့လွှဲပြောင်းဖို့ဆောင်ရွက်နေပြီး ကျွန်တော်တို့စခန်းမှာပဲ ထိန်းသိမ်းထားဆဲပါ။ မကြာခင်မြိတ်မြို့မစခန်းကို လွှဲပေးရမှာပါ” ဟု ကော့သောင်းမြို့မရဲတပ်ဖွဲ့ဝင်တစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးရမိထားသူ ဇော်လင်း(ခ)ခိုင်ဒူဆော်(၃၈)နှစ်မှာ နယ်လှည့်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး တိုင်ကြားချက်ကြောင့် မြိတ်မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ – ၃၇၆ ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။ လက်ရှိတွင်ကော့သောင်းမြို့မရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားပြီး လွှဲပြောင်းရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း သိရသည်။

Photo – Myeik Kaung Soe

Facebook Comments