October 20, 2020

ရေဖြူတွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ် (၁)နှစ်ကျော်အရွယ် ကလေးငယ်အပါအဝင် မီးရထားဝန်ထမ်း မိသားစုသုံးဦး အသတ်ခံရ

ရေဖြူတွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်
(၁)နှစ်ကျော်အရွယ် ကလေးငယ်အပါအဝင် မီးရထားဝန်ထမ်း မိသားစုသုံးဦး အသတ်ခံရ

အသတ်ခံရသူများကို တာဝန်ရှိသူများကို တာဝန်ရှိသူများက စစ်ဆေးနေစဉ် (ဓာတ်ပုံ မြင့်မြတ်(ရေဖြူ))

ရေဖြူမြို့နယ်တွင် (၁)နှစ်ကျော်အရွယ် ကလေးငယ်အပါအဝင် မီးရထားဝန်ထမ်း မိသားစုသုံးဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူကို ရဲတပ် ဖွဲ့က စုံစမ်းရှာဖွေနေသည်။

တနင်္သာရီတိုင်း ရေဖြူမြို့ နယ် ဉုသာရံကျေးရွာအုပ်စု ရေး-ထားဝယ် ကားလမ်း မိုင်တိုင်(၂၃) အနီး ရထားသံလမ်းဘေးရှိ ဝန် ထမ်းအိမ်ရာတွင် နေထိုင်သည့် မီးရထားဝန်ထမ်းဂိတ်စောင့် (၂၆)နှစ်အရွယ် အောင်ကျော်ထွန်း အပါအဝင် ဇနီး (၂၈)နှစ်အရွယ် မခင်ဖြိုးဝေနှင့် သား (၁)နှစ်ခွဲအရွယ် မောင်စုစုတို့ သုံးဦးမှာ နေအိမ် အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ဇွန်လ ၁၃ ရက်ည ၁၁ နာရီက တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ရေဖြူမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

အခင်းဖြစ်တဲ့နေရာမှာက သူတို့အိမ်တစ်လုံးပဲ ရှိတယ်။ မိသားစုသုံးယောက်တည်း နေတာပါ။ အမျိုးသားက မီးရထားဂိတ် စောင့်ပါ။ မီးရထားလာရင် တံခါး အဖွင့်အပိတ်လုပ်ပေးရတာပေါ့။ သုံးယောက်စလုံးက ဓားဒဏ်ရာ တွေနဲ့ သေနေတာ။ ကျူးလွန်သူကို အမြန်ဆုံးဖမ်းမိဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

အသတ်ခံရသည့် မိသားစုနေထိုင်သည့် ဝန်ထမ်းအိမ်ရာ သည် ဉုသာရံကျေးရွာနှင့် လေး ဖာလုံခန့်ကွာဝေးပြီး လူသွားလာ ရှင်းသည့် နေရာဖြစ်ကြောင်း၊ ထားဝယ်မြို့တွင် နေထိုင်သည့် ဆွေမျိုးများက အသတ်ခံရသူ အမျိုးသားထံ ဖုန်းဆက်ရာ အ ဆက်အသွယ်မရသဖြင့် သွား ရောက်ကြည့်ရှုရာမှ အသတ်ခံရသည်ကို တွေ့မြင်ခဲ့ခြင်းဖြစ် ကြောင်း ရေဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကြည်စိုးက ပြောသည်။

သူတို့မိသားစု အဲဒီအိမ်မှာနေတာကြာပြီ။ တစ်နှစ်ကျော် လောက်ရှိပြီ။ အိမ်က သွပ်မိုးပျဉ်ကာအိမ်လေးပါပဲ။ ဝန်ထမ်းအိမ် ရာပေါ့။ ရန်ငြိုးကြောင့် အသတ်ခံရတာလား၊ ဘာကြောင့် သတ်တယ်ဆိုတာ မသိရသေးပါဘူး။ ရဲတပ်ဖွဲ့လည်း လိုက်လံစုံစမ်းနေ ပါတယ်ဟု ဦးကြည်စိုးက ဆို သည်။

သေဆုံးသူအမျိုးသားနှင့် ကလေးငယ်တွင် လည်ပင်းပြတ်ရှ ဒဏ်ရာ၊ အမျိုးသမီးတွင် ဗိုက်နှင့်နဖူးပြတ်ရှဒဏ်ရာများဖြင့် အ သတ်ခံရခြင်းဖြစ်ပြီး မြင့်မြတ်ရေ ဖြူပရဟိတအသင်းအပါအဝင် လူမှုကယ်ဆယ်ရေးအသင်းတို့က သွားရောက်ကူညီခဲ့ကြသည်။

အခင်းဖြစ်နေအိမ်ရှိ ဆိုင်ကယ်နှင့် ပစ္စည်းများ ယူဆောင်သွားခြင်းမရှိဘဲ မိသားစုအသတ်ခံရသဖြင့် အသတ်ခံရသူ အမျိုးသား၏ အပေါင်းအသင်းရှိသူများ ကို စုံစမ်းစစ်ဆေးနေကြောင်း ရေဖြူမြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ရေဖြူမြို့မရဲစခန်း က ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်ထားသည်။

Facebook Comments