October 20, 2020

ဇွဲကပင်တောင်ပေါ်တွင်ပျောက်ဆုံးနေသော အမျိုးသမီး၏ တည်နေရာအားတွေ့ရှိခဲ့ပြီး သယ်ဆောင်ရေးလုပ်ငန်းများဆာင်ရွက်လျက်ရှိ

ဇွဲကပင်တောင်ပေါ်တွင်ပျောက်ဆုံးနေသော အမျိုးသမီး၏ တည်နေရာအားတွေ့ရှိခဲ့ပြီး သယ်ဆောင်ရေးလုပ်ငန်းများဆာင်ရွက်လျက်ရှိ

၂၆.၆.၂၀၂၀ရက်နေ့၊ (၀၅ ၀၇)အချိန်ခန့်၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ပေါ်တွင် အမျိုးသမီး(၁)ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ဘားအံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၉)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၀၅ ၅၀) အချိန်တွင် အမြင့်ပေ(၂၀၀၀)ခန့်သို့ ရောက်ရှိခဲ့ပြီး အမျိုးသမီးစီးဖိနပ်(၁)ရံ တွေ့ရှိခဲ့ပါသည်။ ပတ်ဝန်းကျင်ပေ(၁၀၀)ခန့်တောင်စောင်းများတွင် ဆက်လက်ရှာဖွေခဲ့ပြီး(၀၉ ၀၀)အချိန်ခန့်တွင် တောင်ပေါ်ရှိရင်ပြင်တော်ပေါ်သို့ ရောက်ရှိခဲ့ပြီး စုံစမ်းမေးမြန်းရာ (၂၅.၆.၂၀၂၀)ရက်နေ့၊ (၁၇ ၀၀)အချိန်ခန့်တွင် ရင်ပြင်တော်ပေါ်မှ ပြန်လည်ဆင်းသွားသည်ကို တွေ့ရှိကြောင်းနှင့် အဆိုပါပျောက်ဆုံးနေသည့် အမျိုးသမီးမှာ ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိဈေးအနောက်ဘက်ရှိ အမျိုးသမီးဘော်ဒါဆောင်တွင် နေထိုင်၍ ဘားအံတက္ကသိုလ်တွင် ဂုဏ်ထူးတန်းပထမနှစ်တွင် တက်ရောက်နေသူဖြစ်ကြောင်း စုံစမ်းရရှိပါသည်။
၂၆.၆.၂၀၂၀ရက်နေ့၊ (၀၉ ၁၅)အချိန်တွင် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မာဃလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ပြည်နယ်မြေတိုင်းအဖွဲ့မှ Drone အဖွဲ့များ၊ ပတ်ဝန်းကျင်ရှိပြည်သူများဖြင့်ပူးပေါင်း၍ ဆက်လက်ရှာဖွေခဲ့ရာ (၁၆ ၃၀)အချိန်ထိ ပျောက်ဆုံးသူ၏ ဆိုင်ကယ်သော့ကိုသာ ရှာဖွေတွေ့ရှိခဲ့ပါသည်။ ပျောက်ဆုံးနေသူအား ဆက်လက်ရှာဖွေရေးအတွက် (၂၇.၆.၂၀၂၀)ရက်နေ့၊ (၀၅ ၀၀)အချိန်မှ စတင်ဆောင်ရွက်ခဲ့ရာ ပျောက်ဆုံးသူ၏တည်နေရာအား (၁၀ ၀၃)အချိန်ခန့်တွင်တွေ့ရှိခဲ့ပြီး သယ်ဆောင်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
MFSD

ဇွဲကပင်တောင်ပေါ်တွင်ပျောက်ဆုံးနေသော အမျိုးသမီး၏ တည်နေရာအားတွေ့ရှိခဲ့ပြီး သယ်ဆောင်ရေးလုပ်ငန်းများဆာင်ရွက်လျက်ရှိ

၂၆.၆.၂၀၂၀ရက်နေ့၊ (၀၅ ၀၇)အချိန်ခန့်၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ပေါ်တွင် အမျိုးသမီး(၁)ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ဘားအံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၉)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၀၅ ၅၀) အချိန်တွင် အမြင့်ပေ(၂၀၀၀)ခန့်သို့ ရောက်ရှိခဲ့ပြီး အမျိုးသမီးစီးဖိနပ်(၁)ရံ တွေ့ရှိခဲ့ပါသည်။ ပတ်ဝန်းကျင်ပေ(၁၀၀)ခန့်တောင်စောင်းများတွင် ဆက်လက်ရှာဖွေခဲ့ပြီး(၀၉ ၀၀)အချိန်ခန့်တွင် တောင်ပေါ်ရှိရင်ပြင်တော်ပေါ်သို့ ရောက်ရှိခဲ့ပြီး စုံစမ်းမေးမြန်းရာ (၂၅.၆.၂၀၂၀)ရက်နေ့၊ (၁၇ ၀၀)အချိန်ခန့်တွင် ရင်ပြင်တော်ပေါ်မှ ပြန်လည်ဆင်းသွားသည်ကို တွေ့ရှိကြောင်းနှင့် အဆိုပါပျောက်ဆုံးနေသည့် အမျိုးသမီးမှာ ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိဈေးအနောက်ဘက်ရှိ အမျိုးသမီးဘော်ဒါဆောင်တွင် နေထိုင်၍ ဘားအံတက္ကသိုလ်တွင် ဂုဏ်ထူးတန်းပထမနှစ်တွင် တက်ရောက်နေသူဖြစ်ကြောင်း စုံစမ်းရရှိပါသည်။
၂၆.၆.၂၀၂၀ရက်နေ့၊ (၀၉ ၁၅)အချိန်တွင် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မာဃလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ပြည်နယ်မြေတိုင်းအဖွဲ့မှ Drone အဖွဲ့များ၊ ပတ်ဝန်းကျင်ရှိပြည်သူများဖြင့်ပူးပေါင်း၍ ဆက်လက်ရှာဖွေခဲ့ရာ (၁၆ ၃၀)အချိန်ထိ ပျောက်ဆုံးသူ၏ ဆိုင်ကယ်သော့ကိုသာ ရှာဖွေတွေ့ရှိခဲ့ပါသည်။ ပျောက်ဆုံးနေသူအား ဆက်လက်ရှာဖွေရေးအတွက် (၂၇.၆.၂၀၂၀)ရက်နေ့၊ (၀၅ ၀၀)အချိန်မှ စတင်ဆောင်ရွက်ခဲ့ရာ ပျောက်ဆုံးသူ၏တည်နေရာအား (၁၀ ၀၃)အချိန်ခန့်တွင်တွေ့ရှိခဲ့ပြီး သယ်ဆောင်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
MFSD

Facebook Comments