November 24, 2020

အင်္ဂလန်ပြန် အမျိုးသားနောက်တဦးတွင် COVID-19 ရောဂါ တွေ့ရှိ

အင်္ဂလန်နိုင်ငံမှ (၂၁-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုမိလေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အသက် (၂၆) နှစ်အရွယ် အမျိုးသားသည် ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းရောဂါလက္ခဏာများဖြင့် (၂၃-၃-၂၀၂၀) ရက်နေ့၌ အင်းစိန်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု …

ကိုရိုနာဗိုင်းရပ်စ်အရေး #နောက်ဆုံးရသတင်းထုတ်ပြန်ချက်

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (24-3-2020, 8:00 PM) ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း …

ရုပ်ရှင်ရုံအားလုံး ယာယီပိတ်လိုက်ရ

ဒီနေ့ကစပိတ်လိုက်တာပါ။ Covid – 19 ရောဂါကာကွယ်နိုင်ဖို့အတွက် ဒီနေ့ကစပြီး မင်္ဂလာရုံ၊ JCGV နဲ့ Paradiso ရုံများအားလုံး ဧပြီ(၃၀) ရက်နေ့အထိ ပိတ်လိုက်ပြီ ဖြစ်ပါတယ်။Covid – 19 ရောဂါကာကွယ်ဖို့အတွက် ပြန်ကြားရေးဝန်ကြီး ဌာနမှ ညွှန်ကြားချက်အရ မင်္ဂလာရုပ်ရှင်ရုံအုပ်စုအောက်က ရုံတွေကို ယာယီပိတ်သွားမည်ဖြစ်ကြောင်း သမ္မတရုံက …

စစ်ကိုင်းတိုင်းဒေသကြီး မော်လူးမြို့ မင်းသီရိရပ်ကွက် ဘုန်းတော်ကြီးကျောင်းမှ သံဃာတစ်ပါး ကြိုးဆွဲချ ပျံလွန်တော်မူခဲ့

EPN- မော်လူး ၊ မတ် , ၁၅ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မင်းသီရိရပ်ကွက်ရှိ ဗုဒ္ဓပီယ ဘုန်းတော်ကြီးကျောင်းတိုက်တွင် သီတင်းသုံးနေသည့် သံဃာတော်တစ်ပါး ကြိုးဆွဲချ ပျံလွန်တော်မူခဲ့သဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ထားကြောင်း သိရသည် ။ ဖြစ်ပွါးပုံမှာ မတ်လ (၁၅) ရက်နေ့ နံနက် …

ဒီနေ့မှာ အသက်(၂၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ မြန်မာ့ဂုဏ်ဆောင်ကြက်တောင်အားကစားမယ် သက်ထားသူဇာ

သက်ထားသူဇာကတော့ မြန်မာ့အားကစားလောကမှာ မသိသူမရှိလောက်အောင် မြန်မာနိုင်ငံရဲ့ဂုဏ်ကို ဆောင်နိုင်နေစဲဖြစ်တဲ့ ကြက်တောင်အားကစားမယ်တစ်ယောက်ပါ။သူကတော့ ကြက်တောင်ကစားသမားဟောင်းတွေဖြစ်တဲ့ မိဘတွေရဲ့ဂုဏ်ကိုဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပြီး ဖခင်ဖြစ်သူကိုယ်တိုင်ကလည်း မြန်မာပြည်တံခွန်စိုက်ကြက်တောင်ရိုက်ချန်ပီယံဆုကို လေးကြိမ်တိုင်တိုင်ဆွတ်ခူးရယူနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သက်ထားသူဇာဟာ ထိုင်းနိုင်ငံမှာဖခင်ဖြစ်သူ ကြက်တောင်နည်းပြအဖြစ် သွားရောက်လုပ်ကိုင်စဉ်မှာ ကြက်တောင်အားကစားကို စတင်ကစားခဲ့ပြီး ထိုင်းဘုရင်မင်းမြတ်ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု (၆)ဆုကိုလည်း ရရှိထားသူတစ်ယောက်ပါ။(၂၀၁၁)ခုနှစ် မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့အချိန်မှာ လက်ရွေးစင်ကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ သက်ထားသူဇာကတော့ …

အချစ်ကြမ်းတဲ့ ချစ်သူကြောင့် ခွဲစိတ်ထားတဲ့ ရင်သား ပြုတ်ထွက်သွားခဲ့ရတဲ့ အမျိုးသမီး

ထိုင်းနိုင်ငံက ပရီယာပွန်လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ သောင်းကျန်းလွန်းတဲ့ ချစ်သူကြောင့် ခွဲစိတ်ထားတဲ့ ရင်သားပင် ပြုတ်ထွက်သည်အထိ ဖြစ်ခဲ့ရပါတယ်။အခုအခါမှာ ခေတ်စားနေတဲ့ ရင်သားပိုကြီးအောင် အစားထိုးခွဲစိတ်မှု ခံယူခဲ့သူဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ၂၅၅ စီစီ အရွယ်အစား ရင်စားဆီလီကွန်ပြုပြင်မှု ပြုလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ တစ်နှစ်လောက်ကြာသည်အထိ အဲဒီ ထည့်သွင်းထားတဲ့ …

ဘုရား စေတီတော်ဌာပနာတော် သိန်း(၂၀၀)ခန့် ဖောက်ခံရ

ငရဲမကြောက်သူများ ကျိုက်မရောမြို့နယ် မယ်ဂရိုကျေးရွာအုပ်စု မယ်ဂရိုဂူ တောင်အမြင့်ပေ (၈၀၀)ခန့်ရှိသောဘုရား စေတီတော်ဌာပနာတော် ဖောက်ခံရ ဘုရားဌာပနာအတွင်းရှိဌာပနာထည့်သွင်းထားသော ပစ္စည်းများမှာ ရွှေနားကပ်မျိုးစုံ(၁၅)ရံ ရွှေလက်စွပ်မျိုးစုံ (၁၅) ကွင်း ရွှေဘီး (၆) ခုရွှေလော်ကက်သီး ( ၇)ခု စုစုပေါင်းတန်ဖိုးမှာ သိန်း(၂၀၀)ခန့်ရှိကြောင်း ဘုရားဂေါပက လူကြီးများ၏ ပြောကြားချက်အရသိရှိရပါကြောင်း။ ၎င်းစေတီအားတပေါင်းလပြည့်နေ့၌ထီးတော်နှင့်ဌာပနာထည့်သွင်းထားကြောင်း။ …

သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့် ပေးတော့မည်မဟုတ်

ယခုနှစ် ၂၀၂၀ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့်များကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ယနေ့ (မတ်လ ၁၃ ရက်နေ့) ထုတ်ပြန်ထားချက်အရသိရသည်။အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 သည် လူစုလူဝေးများတွင် ကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လူစုလူဝေဖြင့် ကျင်းပသည့် အခမ်းအနား ၊ ပွဲလမ်းသဘင်များ (မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အတွက် …

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန်းရွှေစက်တော် ဘုရားပွဲတော် ပိတ်သိမ်းလိုက်ရပြီ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်အတွင်း ဇန်နဝါရီ ၂၉ ရက်နေ့က စတင်ကျင်းပခဲ့သည့် မန်းရွှေစက်တော် ဘုရားပွဲတော်ကို မတ် ၁၃ ရက်နေ့မှစ၍ ပိတ်သိမ်းမည်လို့သိရပါတယ်။ ယခုကိစ္စနဲ့ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက Eleven Media Group သို့ မတ် ၁၂ ရက် …

စာမေးပွဲစောင့်ကျောင်းဆရာမကို လူသုံးဦးက ရိုက်နှက်ပြီး ဆိုင်ကယ်လုယူမှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ သောက်ကံကျေးရွာနေ အလယ်တန်းပြကျောင်းဆရာမတဦးသည် မတ်(၁၁)ရက်နေ့ ညနေ ၃ နာရီခန့်က ၆၇/ယ-၆၂၃၀ HONDA 100 အမျိုးအစား အစိမ်းရောင်ဆိုင်ကယ်ဖြင့် ခင်ဦး-အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲစောင့်ပြီးအပြန် အလယ်သျှို၊ အိုင်ပေါက်ကြီးနှင့် သောက်ကံလမ်းသုံးခွဆုံ၌ ဆိုင်ကယ်တစီးနှင့် နှာခေါင်းစီးတပ်ထားသော အမည်မသိလူငယ်(၃)ဦးက လူကိုရိုက်နှက်ပြီး …