Zawgyi
Photo Credit
Credit – shwelight
Unicode
မနေ့ည ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲကတော့ တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်ဗျာ။
ဘယ်နယ့်ဆောင်းတွင်းကြီး ပွဲအစီအစဉ်ကြော်ငြာသူက မီးသတ်တပ်ဖွဲ့တွေကို ပွဲကြည့်ပရိသတ်ဖက် နှင်းမိုးလေးတွေ ရွာပေးလိုက်ပါဦးလို့ခိုင်းလိုက်တာ
ဟိုကလဲ ကျပ်မပြည့်တဲ့ကောင်တွေပဲလားမသိ
နှင်းမိုးတင်မကဘူး ပရိသတ်ကို မီးသတ်ပိုက်နဲ့ ထိုးပါလေရော။
စဉ်းစားပါဗျာ။ ပြင်ဦးလွင်ဆောင်းတွင်းကြီး။ အသဲခိုက်ခိုက်တုံအောင် ချမ်းလွန်းတဲ့ ပြင်ဦးလွင် ညချမ်းအချိန်မှာမီးသတ်ပိုက်ကြီးနဲ့ ရေချိုးပေးတာ။ ရေစိုရုံမက ရေပါမွန်းတဲ့အထိ။ ဒီထဲမှာ ကလေးတွေလဲပါတယ်။အမျိုးသမီးတွေလဲပါတယ်။ သက်ကြီးရွယ်အိုတွေလဲ ပါနိင်တယ်။
ဒါလူငယ်တွေပဲ ဆော့တဲ့ သင်္ကြန်မဟုတ်ဘူးလေ။ ထိန်းမနိင် သိမ်းမနိင်အောင် ပွဲဆူနေတာလဲမဟုတ်။ အေးအေးဆေးဆေး ထိုင်နေတာ။ အစီအစဉ်ကြေငြာသူက မူးရူးနေတာလားတော့မသိ ။ နောက်ပိုင်း နောက်တယောက်နဲ့အစားထိုးသွားတယ်။
အဝတ်အစားလဲစရာမပါတဲ့ ပရိသတ်ကြီးဟာ ဘယ်လောက်ဒေါသထွက်လိုက်မလဲ စဉ်းစားတာကြည့်။
ပရိသတ်ကစိတ်တိုလို့ ရေသန့်ဘူးတွေ ဘီယပုလင်းတွေနဲ့ပြန်ပေါက်တော့ မပစ်ကြပါနဲ့။ နောက်တခါထပ်ပစ်ရင်ဥပဒေကြောင်းအရ အရေးယူမယ်ဆိုပဲ။
မီးသတ်ပိုက်နဲ့ထိုးတာကြ ဥပဒေအရ အရေးယူလို့မရဘူးပေါ့။ ဥပဒေကသူ့ပါးစပ်ထဲရှိတာကြနေတာပဲ ဓာတ်ပိန်တာဗျာ။ ဟိုမီးသတ်ဆိုတဲ့ကောင်တွေကလဲ ခိုင်းတိုင်းလုပ်တဲ့ကျပ်မပြည်ကောင်တွေ။ ပရိသတ်ကို ဝင်ရိုက်ပါဆိုရင် ဝင်ရိုက်မလားပဲ။
Photo Credit