လူတစ္ေယာက္ေျပာင္းလဲသြားရင္ ….

အံ့လည္း မၾသပါနဲ႔ ၊ဝမ္းလည္းမနည္းပါနဲ႔ စိတ္လည္းမနာပါနဲ႔ ၊အျပစ္လည္းမတင္ပါနဲ႔ အရာရာဟာ …စကၠန္႔နဲ႔အမွ် ေျပာင္းလဲေနတယ္…

ေျပာင္းလဲေနတဲ့ သေဘာကိုသိလည္း သိတယ္… နားလည္း နားလည္တယ္… ေျပာင္းလဲသြားတဲ့သူရဲ႕ အျပစ္ မဟုတ္ဘဲ

ေျပာင္းလဲျခင္းသေဘာကို သိၿပီး မေျပာင္းလဲတတ္တဲ့ သင္ကသာ အျပစ္ရွိတာပါ ဘဝမွာ …. တန္ဖိုးထားရမဲ့သူ တခ်ိဳ ့ရွိတယ္

ေမ့ပစ္ရမဲ့သူ တခ်ိဳ ့ရွိတယ္ တန္ဖိုးထားရမဲ့သူကို ေမ့ေနၿပီး ေမ့ပစ္ရမဲ့သူအတြက္ တန္ဖိုးရွိတဲ့ ကိုယ္ရဲ႕ အခ်ိန္ေတြ အကုန္မခံပါနဲ႔ …

“တစ္သက္လံုးအထီးက်န္ျခင္းက သင့္ကိုဒဏ္ခတ္သြားလိမ့္မယ္´´ တစ္ခ်ိဳ႕လူေတြက.. သင္ခ်စ္တာကိုခံခ်င္ၾကတယ္

သူတို႔ကုိယ္တိုင္က တစ္ျခားတစ္ေယာက္ကို ခ်စ္ေနၾကတယ္။ တစ္ခ်ိဳ႕လူေတြက သင့္ဆီက ဂရုစိုက္မႈေတြလိုခ်င္ၾကတယ္

သူတို႔ကု္ိယ္တိုင္က သင့္ကို ဂရုမစိုက္ခ်င္ၾကဘူး တစ္ခ်ိဳ႕လူေတြက.. သင့္ဆီက ယုယမႈေတြေတာင့္တၾကတယ္ သူတို႔ကုိယ္တိုင္က

ယုယတက္ဖို႔ စိတ္မပါဘူး။ တစ္ခ်ိဳ႕လူေတြက.. သင့္ဆီကအျပဳံးကိုလုိခ်င္ၾကတယ္ သူတို႔ကေတာ့ ျပဳံးျပဖို႔ ၀န္ေလးတက္သူေတြ ..

တစ္ခ်ိဳ႕လူေတြက… သူတို႔ေျပာတာကုိပဲနားေထာင္ေစခ်င္တယ္ သင္ေျပာတာကိုေတာ့ အကုန္ပယ္ခ်တယ္။ တစ္ခ်ဳိ႕လူေတြက.. သင့္ဆီက

အလုိက္သိမႈေတြကို လိုခ်င္ၾကတယ္ သူတို႔ကိုယ္တိုင္ကေတာ့ မသိသလိုေနတတ္​တယ္။

စိတ္ခ်မ္းသာခ်င္တယ္ ဆုိရင္ေတာ့ ဆုံးျဖတ္ခ်က္​ေတြ ျပတ္​သားရပါ လိမ့္မယ္။ ခြင့္လႊတ္ျခင္းနဲ႔ စြန္႔လႊတ္ျခင္း ဆုိတာက လူတုိင္း မျဖစ္မေန

ၾကဳံေတြ႔ရမယ့္ အရာပါ။

လူတုိင္းမွာ ခ်ိဳ႕ယြင္းခ်က္ ဆုိတာ ႐ွိၿပီသားမုိ႔ ခြင့္လႊတ္နားလည္ေပးႏိုင္ပါေစ။ အဆုံး႐ႈံး မခံႏိုင္ရင္ ခြင့္လႊတ္နားလည္ေပးႏိုင္ေအာင္

ၾကဳိးစားပါ။ သံသယေတြနဲ႔ေတာ့ မဆက္ပါနဲ႔ ပုိၿပီး နာက်င္ရလိမ့္မယ္။

ခြင့္လႊတ္နားလည္ ေပးႏိုင္စြမ္း မ႐ွိေတာ့ဘူး ဆုိရင္ေတာ့ စြန္႔လႊတ္ ႏိုင္ေအာင္ ၾကဳိးစားပါ။ ဆုပ္ကုိင္ထားေနသမ်ွ ခံစားရလိမ့္မယ္။

ကုိယ့္ဆီမွာ မေနခ်င္ေတာ့တဲ့ သူတစ္ေယာက္ကုိ ဘယ္ေတာ့မွ တားဆီး ခ်ဳပ္ကုိင္လုိ႔ မရႏိုင္သလုိ ကုိယ့္ေစတနာကုိ မလည္တဲ့

သူဟာလည္း ဘယ္ေတာ့မွာ နားလည္လာမွာ မဟုတ္ပါဘူး။

ေပါင္းသင္း ဆက္ဆံေရးဆုိတာ ခြင့္လႊတ္ နားလည္ေပးႏိုင္စြမ္း ႐ွိမွ ခုိင္ျမဲႏိုင္တာပါ။

စာဖတ္သူအားလုံးေက်းဇူးပါ

Credit: U Bhone (Chemistry)

..

Unicode

လူတစ်ယောက်ပြောင်းလဲသွားရင် ….

အံ့လည်း မသြပါနဲ့ ၊ဝမ်းလည်းမနည်းပါနဲ့ စိတ်လည်းမနာပါနဲ့ ၊အပြစ်လည်းမတင်ပါနဲ့ အရာရာဟာ …စက္ကန့်နဲ့အမျှ ပြောင်းလဲနေတယ်…

ပြောင်းလဲနေတဲ့ သဘောကိုသိလည်း သိတယ်… နားလည်း နားလည်တယ်… ပြောင်းလဲသွားတဲ့သူရဲ့ အပြစ် မဟုတ်ဘဲ

ပြောင်းလဲခြင်းသဘောကို သိပြီး မပြောင်းလဲတတ်တဲ့ သင်ကသာ အပြစ်ရှိတာပါ ဘဝမှာ …. တန်ဖိုးထားရမဲ့သူ တချို ့ရှိတယ်

မေ့ပစ်ရမဲ့သူ တချို ့ရှိတယ် တန်ဖိုးထားရမဲ့သူကို မေ့နေပြီး မေ့ပစ်ရမဲ့သူအတွက် တန်ဖိုးရှိတဲ့ ကိုယ်ရဲ့ အချိန်တွေ အကုန်မခံပါနဲ့ …

“တစ်သက်လုံးအထီးကျန်ခြင်းက သင့်ကိုဒဏ်ခတ်သွားလိမ့်မယ်´´ တစ်ချို့လူတွေက.. သင်ချစ်တာကိုခံချင်ကြတယ်

သူတို့ကိုယ်တိုင်က တစ်ခြားတစ်ယောက်ကို ချစ်နေကြတယ်။ တစ်ချို့လူတွေက သင့်ဆီက ဂရုစိုက်မှုတွေလိုချင်ကြတယ်

သူတို့ကု်ိယ်တိုင်က သင့်ကို ဂရုမစိုက်ချင်ကြဘူး တစ်ချို့လူတွေက.. သင့်ဆီက ယုယမှုတွေတောင့်တကြတယ် သူတို့ကိုယ်တိုင်က

ယုယတက်ဖို့ စိတ်မပါဘူး။ တစ်ချို့လူတွေက.. သင့်ဆီကအပြုံးကိုလိုချင်ကြတယ် သူတို့ကတော့ ပြုံးပြဖို့ ၀န်လေးတက်သူတွေ ..

တစ်ချို့လူတွေက… သူတို့ပြောတာကိုပဲနားထောင်စေချင်တယ် သင်ပြောတာကိုတော့ အကုန်ပယ်ချတယ်။ တစ်ချို့လူတွေက.. သင့်ဆီက

အလိုက်သိမှုတွေကို လိုချင်ကြတယ် သူတို့ကိုယ်တိုင်ကတော့ မသိသလိုနေတတ်​တယ်။

စိတ်ချမ်းသာချင်တယ် ဆိုရင်တော့ ဆုံးဖြတ်ချက်​တွေ ပြတ်​သားရပါ လိမ့်မယ်။ ခွင့်လွှတ်ခြင်းနဲ့ စွန့်လွှတ်ခြင်း ဆိုတာက လူတိုင်း မဖြစ်မနေ

ကြုံတွေ့ရမယ့် အရာပါ။

လူတိုင်းမှာ ချို့ယွင်းချက် ဆိုတာ ရှိပြီသားမို့ ခွင့်လွှတ်နားလည်ပေးနိုင်ပါစေ။ အဆုံးရှုံး မခံနိုင်ရင် ခွင့်လွှတ်နားလည်ပေးနိုင်အောင်

ကြိုးစားပါ။ သံသယတွေနဲ့တော့ မဆက်ပါနဲ့ ပိုပြီး နာကျင်ရလိမ့်မယ်။

ခွင့်လွှတ်နားလည် ပေးနိုင်စွမ်း မရှိတော့ဘူး ဆိုရင်တော့ စွန့်လွှတ် နိုင်အောင် ကြိုးစားပါ။ ဆုပ်ကိုင်ထားနေသမျှ ခံစားရလိမ့်မယ်။

ကိုယ့်ဆီမှာ မနေချင်တော့တဲ့ သူတစ်ယောက်ကို ဘယ်တော့မှ တားဆီး ချုပ်ကိုင်လို့ မရနိုင်သလို ကိုယ့်စေတနာကို မလည်တဲ့

သူဟာလည်း ဘယ်တော့မှာ နားလည်လာမှာ မဟုတ်ပါဘူး။

ပေါင်းသင်း ဆက်ဆံရေးဆိုတာ ခွင့်လွှတ် နားလည်ပေးနိုင်စွမ်း ရှိမှ ခိုင်မြဲနိုင်တာပါ။

စာဖတ်သူအားလုံးကျေးဇူးပါ

Credit: U Bhone (Chemistry)